[Zawgyi]

Xiaomi Mi CC9 Pro ကို ေၾကညာဖို႔ ရက္ပိုင္းပဲလိုပါေတာ့တယ္။ ကုမၸဏီက လူေတြ စိတ္၀င္စားလာေအာင္ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို မၾကာခဏ မွ်ေ၀ေနပါတယ္။ အခုေတာ့ ကုမၸဏီက တရား၀င္ ၀ီဘိုအေကာင့္ကေန အဲဒီဖုန္းမွာ ပါမယ့္ Processor ကို အတည္ျပဳလိုက္ပါတယ္။ အဲဒါကေတာ့ Snapdragon 730G ျဖစ္ပါတယ္။

Snapdragon 730G ဟာ Qualcomm ရဲ႕ 700 Series ထဲမွာ အလန္းဆံုး ျဖစ္ပါတယ္။ ဒီႏွစ္မွာ ေၾကညာခဲ့တာ ျဖစ္ၿပီး  Samsung Galaxy A80, Realme X2, OPPO Reno 2 နဲ႔ OPPO K5 တို႔မွာ ထည့္ထားပါတယ္။ Mi CC9 Pro ရဲ႕ Global Version အေနနဲ႔ Mi Note 10 ကို ႏုိ၀င္ဘာလ ၁၄ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တဲ့အတြက္ အဲဒီဖုန္းမွာလည္း Snapdragon 730G Processor ပဲပါလာမွာပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းကထြက္ခဲ့တဲ့ သတင္းေတြအရ Mi Note 10 မွာ Snapdragon 855+ Processor ပါမယ္လို႔လည္း ၾကားေနရပါတယ္။

Mi CC9 Pro ရဲ႕ Processor အျပင္ ကုမၸဏီရဲ႕ စီအီးအို လီဂြ်န္က ဖုန္းရဲ႕ ငါးလံုးတပ္ ကင္မရာ စနစ္ အတြင္းဘက္ကို ျပသထားတဲ့ ဓါတ္ပံု ၁ ပံုကိုလည္း မွ်ေ၀လိုက္ပါတယ္။ ထိပ္ဆံုးက အလံုးက 10x Hybrid Zoom ပါတဲ့ 5MP Camera ျဖစ္ပါတယ္။ အဲဒီအလံုးမွာ Optical Image Stabilization လည္း ပါပါတယ္။ သူ႔ေအာက္မွာ 12MP 50mm Portrait Camera တပ္ဆင္ထားပါတယ္။ ေနာက္ ၁ လံုးက 108MP Sensor ျဖစ္ၿပီး အားလံုးထဲမွာ အရြယ္အႀကီးဆံုးပါ။ အရြယ္ႀကီး 1/1.33” Pixel နဲ႔ Optical Image Stabilization ပါပါတယ္။

သူ႔ေအာက္မွာ 20MP Ultrawide Angle Camera နဲ႔ 2MP Macro Camera ကို အစဥ္လိုက္တပ္ဆင္ထားပါတယ္။ လာမယ့္ ၅ ရက္ေန႔မွာ ေၾကညာေတာ့မွာ ျဖစ္ၿပီး Curved AMOLED Display , In-display Fingerprint Scanner နဲ႔ အရြယ္ႀကီး 5,260mAh Battery ပါမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gizmochina

[Unicode]

Xiaomi Mi CC9 Pro မှာ Snapdragon 730G ပါမှာ သေချာပြီ

Xiaomi Mi CC9 Pro ကို ကြေညာဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ ကုမ္ပဏီက လူတွေ စိတ်ဝင်စားလာအောင် အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက တရားဝင် ဝီဘိုအကောင့်ကနေ အဲဒီဖုန်းမှာ ပါမယ့် Processor ကို အတည်ပြုလိုက်ပါတယ်။ အဲဒါကတော့ Snapdragon 730G ဖြစ်ပါတယ်။

Snapdragon 730G ဟာ Qualcomm ရဲ့ 700 Series ထဲမှာ အလန်းဆုံး ဖြစ်ပါတယ်။ ဒီနှစ်မှာ ကြေညာခဲ့တာ ဖြစ်ပြီး Samsung Galaxy A80, Realme X2, OPPO Reno 2 နဲ့ OPPO K5 တို့မှာ ထည့်ထားပါတယ်။ Mi CC9 Pro ရဲ့ Global Version အနေနဲ့ Mi Note 10 ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်တဲ့အတွက် အဲဒီဖုန်းမှာလည်း Snapdragon 730G Processor ပဲပါလာမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကထွက်ခဲ့တဲ့ သတင်းတွေအရ Mi Note 10 မှာ Snapdragon 855+ Processor ပါမယ်လို့လည်း ကြားနေရပါတယ်။

Mi CC9 Pro ရဲ့ Processor အပြင် ကုမ္ပဏီရဲ့ စီအီးအို လီဂျွန်က ဖုန်းရဲ့ ငါးလုံးတပ် ကင်မရာ စနစ် အတွင်းဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံကိုလည်း မျှဝေလိုက်ပါတယ်။ ထိပ်ဆုံးက အလုံးက 10x Hybrid Zoom ပါတဲ့ 5MP Camera ဖြစ်ပါတယ်။ အဲဒီအလုံးမှာ Optical Image Stabilization လည်း ပါပါတယ်။ သူ့အောက်မှာ 12MP 50mm Portrait Camera တပ်ဆင်ထားပါတယ်။ နောက် ၁ လုံးက 108MP Sensor ဖြစ်ပြီး အားလုံးထဲမှာ အရွယ်အကြီးဆုံးပါ။ အရွယ်ကြီး 1/1.33” Pixel နဲ့ Optical Image Stabilization ပါပါတယ်။

သူ့အောက်မှာ 20MP Ultrawide Angle Camera နဲ့ 2MP Macro Camera ကို အစဉ်လိုက်တပ်ဆင်ထားပါတယ်။ လာမယ့် ၅ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး Curved AMOLED Display , In-display Fingerprint Scanner နဲ့ အရွယ်ကြီး 5,260mAh Battery ပါမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina