Zawgyi

Xiaomi ရဲ႕ Mi CC9 စီးရီးဟာ အဖြဲ႕ဝင္သစ္တစ္ေယာက္ လက္ခံရရွိမယ္လို႔ သတင္းေတြထြက္ေနခဲ့ပါတယ္။ အဆုိပါ ဖုန္းဟာ Mi CC9 Pro လို႔ ေခၚတြင္မွာျဖစ္ၿပီး သူ႕ရဲ႕ေစ်းႏႈန္းနဲ႔ အဓိက Specs ေတြပါ ထြက္ေပၚလာခဲ့ပါၿပီ။

Mi CC9 Pro ဖုန္းဟာ 6.4” လက္မအရြယ္ FHD+ AMOLED Display ပါဝင္ၿပီး Waterdrop Notch ဒီဇုိင္း၊ In-display Fingerprint တုိနဲ႔႔ ျဖစ္ပါတယ္။ အတြင္းမွာ Snapdragon 730G ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ၿပီး 6/128 GB မန္မုိရီ Combo ျဖစ္ပါတယ္။

Mi CC9 Pro ရဲ႕ အဓိကအားသာခ်က္က ကင္မရာပုိင္းျဖစ္မွာပါ။ ေနာက္ဘက္မွာ အဓိက Sensor ယူနစ္အေနနဲ႔ Mi MIX Alpha မွာလို 108MP ကင္မရာႀကီး ပါလာမွာျဖစ္ၿပီး အဲ့ဒါကို 13MP Ultrawide နဲ႔ 8MP Telephoto တုိ႔ျဖင့္ တြဲဖက္လာမွာပါ။ ေရွ႕ဘက္ Notch ထဲက Selfie ကင္မရာကေတာင္ 32MP ျဖစ္ပါတယ္။

Xiaomi ကေတာ့ Mi CC9 Pro ကို 4,000 mAh ဘကၳရီႀကီးနဲ႔ ပြဲထုတ္လာမွာျဖစ္ၿပီး 20W+ အားအျမန္သြင္းစနစ္ တစ္ခုလည္း ပါဝင္မွာပါ။ ထြက္စတည္းက Android 10 OS ကုိ တန္းအသုံးျပဳႏုိင္မွာျဖစ္ၿပီး 180g အေလးခ်ိန္ရွိမယ္လို႔ ဆုိထားပါတယ္။

Mi CC9 Pro ကေတာ့ အရမ္းေစ်းခ်ဳိသာမွာမဟုတ္ဘဲ ယြမ္ ၂၅၉၉ (ျမန္မာေငြ ငါးသိန္းေျခာက္ေသာင္းေက်ာ္) ေလာက္ က်သင့္မွာျဖစ္ပါတယ္။ Xiaomi ဟာ ေလာေလာဆယ္မွာ Mi CC9 Pro ရဲ႕ထြက္ရွိရက္ကို အတည္မျပဳရေသးေပမယ့္ လာမယ့္အပတ္ထဲေလာက္မွာ ျမင္ရႏုိင္တယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Xiaomi ရဲ့ Mi CC9 စီးရီးဟာ အဖွဲ့ဝင်သစ်တစ်ယောက် လက်ခံရရှိမယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ အဆိုပါ ဖုန်းဟာ Mi CC9 Pro လို့ ခေါ်တွင်မှာဖြစ်ပြီး သူ့ရဲ့ဈေးနှုန်းနဲ့ အဓိက Specs တွေပါ ထွက်ပေါ်လာခဲ့ပါပြီ။

Mi CC9 Pro ဖုန်းဟာ 6.4” လက်မအရွယ် FHD+ AMOLED Display ပါဝင်ပြီး Waterdrop Notch ဒီဇိုင်း၊ In-display Fingerprint တို့နဲ့ ဖြစ်ပါတယ်။ အတွင်းမှာ Snapdragon 730G ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး 6/128 GB မန်မိုရီ Combo ဖြစ်ပါတယ်။

Mi CC9 Pro ရဲ့ အဓိကအားသာချက်က ကင်မရာပိုင်းဖြစ်မှာပါ။ နောက်ဘက်မှာ အဓိက Sensor ယူနစ်အနေနဲ့ Mi MIX Alpha မှာလို 108MP ကင်မရာကြီး ပါလာမှာဖြစ်ပြီး အဲ့ဒါကို 13MP Ultrawide နဲ့ 8MP Telephoto တို့ဖြင့် တွဲဖက်လာမှာပါ။ ရှေ့ဘက် Notch ထဲက Selfie ကင်မရာကတောင် 32MP ဖြစ်ပါတယ်။

Xiaomi ကတော့ Mi CC9 Pro ကို 4,000 mAh ဘက္ထရီကြီးနဲ့ ပွဲထုတ်လာမှာဖြစ်ပြီး 20W+ အားအမြန်သွင်းစနစ် တစ်ခုလည်း ပါဝင်မှာပါ။ ထွက်စတည်းက Android 10 OS ကို တန်းအသုံးပြုနိုင်မှာဖြစ်ပြီး 180g အလေးချိန်ရှိမယ်လို့ ဆိုထားပါတယ်။

Mi CC9 Pro ကတော့ အရမ်းဈေးချိုသာမှာမဟုတ်ဘဲ ယွမ် ၂၅၉၉ (မြန်မာငွေ ငါးသိန်းခြောက်သောင်းကျော်) လောက် ကျသင့်မှာဖြစ်ပါတယ်။ Xiaomi ဟာ လောလောဆယ်မှာ Mi CC9 Pro ရဲ့ထွက်ရှိရက်ကို အတည်မပြုရသေးပေမယ့် လာမယ့်အပတ်ထဲလောက်မှာ မြင်ရနိုင်တယ်လို့ ယူဆရပါတယ်။

Ref – GSM Arena