Zawgyi

Xiaomi ဟာ Mi CC9 Pro စမတ္ဖုန္းသစ္ကို ႏုိဝင္ဘာလ ၅ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားေတာ့မွာျဖစ္ၿပီး အဓိက ကင္မရာ 108MP အပါအဝင္ ကင္မရာငါးလုံးတိတိ ပါဝင္လာမွာပါ။ ယေန႔မွာ ေမာ္ဒယ္နံပါတ္ M1910F4E နဲ႔ TENAA ေပၚသုိ႔ေရာက္ရွိလာခဲ့ၿပီး သူ႕ရဲ႕ Specs ကုိပါ ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ CC9 ဆုိတဲ့အမည္ဟာ အခုထိေတာ့ တရုတ္ႏုိင္ငံျပင္ပကို ထြက္ဦးမွာမဟုတ္ပါဘူး။ ကုမၸဏီဟာ သူတုိ႔ရဲ႕ Facebook စာမ်က္ႏွာမွာ Xiaomi Mi Note 10 ကို ကင္မရာငါးလုံးနဲ႔ ထုတ္လုပ္လာမယ္လို႔ တင္လာခဲ့တဲ့အတြက္ ဒီဖုန္းကိုပဲ နာမည္ေျပာင္းၿပီး ႏုိင္ငံတကာသို႔ တင္ပုိ႔လာမွာဆုိတာ ေသခ်ာေနပါတယ္။

Mi CC9 Pro တျဖစ္လဲ Mi Note 10 ဟာ မန္မုိရီေရြးခ်ယ္စရာ သုံးမ်ဳိးစီရွိမွာျဖစ္ၿပီး RAM မွာ 6/8/12GB နဲ႔ Storage ပုိင္းမွာ 64/128/256GB ဆုိၿပီး ေရြးခ်ယ္ဝယ္ယူႏုိင္မွာပါ။ ဒါေပမယ့္ Memory Combo တြဲဖက္မႈကေတာ့ သုံးမ်ဳိးထက္ပိုမယ့္ ပုံစံမွာရွိပါတယ္။ ဒါ့ေၾကာင့္ 108MP Sensor နဲ႔ဖုန္းကို လူတန္းစားေပါင္းစုံ သင့္ေတာ္ရာေစ်းႏႈန္းနဲ႔ အသီးသီးေရြးခ်ယ္ႏုိင္ဖို႔ ပိုမ်ားလာမွာပါ။ Optical Zoom ကလည္း 5x ဆုိတာကို Xiaomi ကပဲ Tease လုပ္ထားပါေသးတယ္။

အတြင္းက CPU Clock Speed ဟာ 2.2GHz ျဖစ္တာေၾကာင့္ Snapdragon 730G ခ်စ္ပ္ဆက္ကို အသုံးျပဳလာတာ ျဖစ္ႏုိင္ပါတယ္။ ဒီဖုန္းမွာ Qualcomm ခ်စ္ပ္ဆက္ကိုပဲ အသုံးျပဳမယ္လို႔လည္း သတင္းထြက္ထားတာပါ။ Mi CC9 ပုံမွန္ဗားရွင္းထက္ ပိုႀကီးမယ္လို႔ ယူဆခဲ့ၾကေပမယ့္ တူညီတဲ့အခ်ဳိးအစားနဲ႔ပဲ ထြက္လာတဲ့ Mi CC9 Pro ဟာ 5,170 mAh ဘကၳရီအႀကီးစားႀကီးနဲ႔ ထြက္လာမယ္လို႔လည္း စာရင္းထဲမွာ ေဖာ္ျပထားတယ္။

Mi Note စီးရီးကို အခုႏွစ္မကုန္ခင္ ျပန္အသက္သြင္းမယ္လို႔ သတင္းထြက္ထားတာေတာ့ ရွိၿပီးသားပါ။ အခုခ်ိန္မွာ တရုတ္ေစ်းကြက္ျပင္ပကို နာမည္တစ္မ်ဳိးနဲ႔ထြက္လာမယ့္ Mi CC9 Pro ဟာ ကာလရွည္ၾကာေစာင့္ဆုိင္းေနတဲ့ Mi Note ခ်စ္သူေတြအတြက္ စိတ္ေက်နပ္ေစမလားဆုိတာကို လာမယ့္ ႏုိဝင္ဘာ ၅ ရက္ မိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Xiaomi ဟာ Mi CC9 Pro စမတ်ဖုန်းသစ်ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပြီး အဓိက ကင်မရာ 108MP အပါအဝင် ကင်မရာငါးလုံးတိတိ ပါဝင်လာမှာပါ။ ယနေ့မှာ မော်ဒယ်နံပါတ် M1910F4E နဲ့ TENAA ပေါ်သို့ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ Specs ကိုပါ မြင်တွေ့ခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် CC9 ဆိုတဲ့အမည်ဟာ အခုထိတော့ တရုတ်နိုင်ငံပြင်ပကို ထွက်ဦးမှာမဟုတ်ပါဘူး။ ကုမ္ပဏီဟာ သူတို့ရဲ့ Facebook စာမျက်နှာမှာ Xiaomi Mi Note 10 ကို ကင်မရာငါးလုံးနဲ့ ထုတ်လုပ်လာမယ်လို့ တင်လာခဲ့တဲ့အတွက် ဒီဖုန်းကိုပဲ နာမည်ပြောင်းပြီး နိုင်ငံတကာသို့ တင်ပို့လာမှာဆိုတာ သေချာနေပါတယ်။

Mi CC9 Pro တဖြစ်လဲ Mi Note 10 ဟာ မန်မိုရီရွေးချယ်စရာ သုံးမျိုးစီရှိမှာဖြစ်ပြီး RAM မှာ 6/8/12GB နဲ့ Storage ပိုင်းမှာ 64/128/256GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ဒါပေမယ့် Memory Combo တွဲဖက်မှုကတော့ သုံးမျိုးထက်ပိုမယ့် ပုံစံမှာရှိပါတယ်။ ဒါ့ကြောင့် 108MP Sensor နဲ့ဖုန်းကို လူတန်းစားပေါင်းစုံ သင့်တော်ရာဈေးနှုန်းနဲ့ အသီးသီးရွေးချယ်နိုင်ဖို့ ပိုများလာမှာပါ။ Optical Zoom ကလည်း 5x ဆိုတာကို Xiaomi ကပဲ Tease လုပ်ထားပါသေးတယ်။

အတွင်းက CPU Clock Speed ဟာ 2.2GHz ဖြစ်တာကြောင့် Snapdragon 730G ချစ်ပ်ဆက်ကို အသုံးပြုလာတာ ဖြစ်နိုင်ပါတယ်။ ဒီဖုန်းမှာ Qualcomm ချစ်ပ်ဆက်ကိုပဲ အသုံးပြုမယ်လို့လည်း သတင်းထွက်ထားတာပါ။ Mi CC9 ပုံမှန်ဗားရှင်းထက် ပိုကြီးမယ်လို့ ယူဆခဲ့ကြပေမယ့် တူညီတဲ့အချိုးအစားနဲ့ပဲ ထွက်လာတဲ့ Mi CC9 Pro ဟာ 5,170 mAh ဘက္ထရီအကြီးစားကြီးနဲ့ ထွက်လာမယ်လို့လည်း စာရင်းထဲမှာ ဖော်ပြထားတယ်။

Mi Note စီးရီးကို အခုနှစ်မကုန်ခင် ပြန်အသက်သွင်းမယ်လို့ သတင်းထွက်ထားတာတော့ ရှိပြီးသားပါ။ အခုချိန်မှာ တရုတ်ဈေးကွက်ပြင်ပကို နာမည်တစ်မျိုးနဲ့ထွက်လာမယ့် Mi CC9 Pro ဟာ ကာလရှည်ကြာစောင့်ဆိုင်းနေတဲ့ Mi Note ချစ်သူတွေအတွက် စိတ်ကျေနပ်စေမလားဆိုတာကို လာမယ့် နိုဝင်ဘာ ၅ ရက် မိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena