Xiaomi ရဲ့ Mi Max Series စမတ်ဖုန်းတွေဟာ Screen Size ကြီးမားပြီး Battery ပမာဏကြီးမားတာကြောင့် အသုံးပြုသူတွေ အကြိုက်တွေ့နေတဲ့ ဖုန်းတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mi Max 3 စမတ်ဖုန်းကို ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။

အခု Mi Max 3 စမတ်ဖုန်းမှာတော့ ကင်မရာပိုင်းမှာ ပထမဆုံးအနေနဲ့ Dual Camera စနစ်ကို အဆင့်မြှင့်တင်လာမှာဖြစ်ပြီးတော့ ဓါတ်ပုံရိုက်ရတာကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာဖြစ်လာပါတယ်။ ဒါပေမယ့် အခု Dual Camera တွေက ဘယ်လောက် Megapixels Camera တွေလည်းဆိုတာကိုတော့ အသေအချာမသိရှိရသေးပါဘူး။ Xiaomi Mi 6 လိုမျိုး Dual 12 MP Camera တွေလို့လည်း ပြောဆိုနေကြပါတယ်။

ဒါ့အပြင် Mi Max 3 စမတ်ဖုန်းမှာ Qualcomm Snapdragon 635 Processor ၊ RAM 3GB/ROM 64GB ဒါမှမဟုတ် RAM 4GB/ROM 128GB နဲ့ထွက်ရှိလာမှာဖြစ်ပြီးတော့ ကြီးမားတဲ့ 6.99″ 18:9 Full Screen Display ကို အသုံးပြုလာမှာပါ။ Battery အနေနဲ့လည်း 5500mAh Battery ပါဝင်မယ်လို့ သိရှိရပါတယ်။

Xiaomi ရဲ့ Mi Max 3 ဟာ ဒီအတိုင်းဆိုရင်လည်း အောင်မြင်မှုထပ်မံရရှိဦးမယ့် စမတ်ဖုန်းတစ်ခုဖြစ်လာဦးမှာပါ။ ပရိသတ်ကြီးထဲမှာရော Mi Max 3 စမတ်ဖုန်းကိုစောင့်မျှော်နေတဲ့သူတွေရှိကြပါသလား?