Xiaomi ကနေ Mi Mix 2 ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ Mi Mix 2s ဆိုပြီး Apple iPhone X ပုံစံ Display အပေါ်မှာ Selfie Camera ကို အလယ်မှာ ဖောက်ပြီးထားထားတဲ့ ပုံတွေ အင်တာနက်မှာ တက်လာတာဖြစ်ပါတယ်။

အစတုန်းက Xiaomi ကနေ Mi Mix 2 ကို ဒီဇိုင်းပြောင်းပြီး iPhone X ပုံစံနဲ့ Mi Mix 2s ဆိုပြီး ထပ်ထုတ်မယ်လို့ ယူဆခဲ့ကြပေမယ့် တကယ်တမ်းက အဆိုပါထွက်ပေါ်လာတဲ့ပုံတွေဟာ Mi Mix 2s မဟုတ်ပဲ Mi Mix 2 Design အတွက် စမ်းသပ်နေတုန်းက ထုတ်ခဲ့တဲ့ နမှုနာဖုန်းတွေထဲကတစ်ခုလို့ သိရပါတယ်။

Apple iPhone X မထုတ်ခင်ကလည်း Essential ဖုန်းက အလားတူ ပုံစံမျိုးနဲ့ပဲ ထုတ်လုပ်ခဲ့တဲ့အတွက်ကြောင့် Apple iPhone X ကို ခိုးချတာထက် Essential ဖုန်းပုံစံမျိုးကို တုပတာလို့လည်း သတင်းတွေထွက်နေပါတယ်။

ဒါပေမယ့် Mi Mix 2 ကို တကယ်တမ်းကြေငြာတဲ့အချိန်မှာတော့ Mi Mix 1st gen အတိုင်းပဲ Selfie Camera က ဖုန်းအောက်ခြေမှာပဲ ထားရှိထားခဲ့တာဖြစ်ပါတယ်။ ဘာပဲပြောပြော Apple iPhone X နဲ့ ဒီဇိုင်းမတူခဲ့တာပဲ ခပ်ကောင်းကောင်းလို့ပြောရမှာပါ။