Xiaomi ကနေ Mi Mix 2 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားတဲ့ Mi Mix 2S ဖုန်းကို ထုတ်လုပ်သွားဖို့ စီစဉ်နေပြီးတော့ အခုအချိန်မှာတော့ Mi Mix 2S ဖုန်းကို Hands-on Video အနေနဲ့ပါ တွေ့မြင်လာရပြီဖြစ်ပါတယ်။

အခု Hands-on Video ဟာ Mi Mix 2s ရဲ့ ဘေးဘောင်တွေလုံးဝမပါဝင်တော့တဲ့ စမတ်ဖုန်းဒီဇိုင်းအပြင် နောက်ထပ် Feature အသစ်တစ်ခုလို့ ယူဆရတဲ့အရာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒါကတော့ On Screen Navigation keys တွေအပြင် Back ၊ Recent ၊ Multitasking Features တွေကို Gesture အသစ်နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။

လတ်တလောမြင်ရတဲ့အတိုင်းကတော့ အဆိုပါ Gestures အသစ်တွေဟာ Apple ကနေ iPhone X ဖုန်းမှာ ထည့်သွင်းပေးထားတာနဲ့ တူညီနေတယ်လို့ ယူဆရပြီး တကယ်ထွက်ရှိလာတဲ့အချိန်မှ တူညီလား မတူဘူးလားဆိုတာကို သိရှိနိုင်မှာပါ။

Mi Mix 2S ဟာ Xiaomi Mi Mix Series ဖုန်းတွေထဲမှာ လုံးဝ ဘေးဘောင်မပါဝင်တော့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီး အခုလိုမျိုး ဘေးဘောင်တွေကို လုံးဝဖယ်ရှားလိုက်ရတဲ့အတွက် Selfie Camera ကို ဖုန်းရဲ့ အရှေ့ဘက်ထောင့်မှာ မြုပ်ထားရနေတာပါ။