Xiaomi ရဲ့ Mi Mix 2S စမတ်ဖုန်းဟာ ထွက်ရှိမယ် ထွက်ရှိမယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာ အချိန်တော်တော်ကြာသွားပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ Mi Mix 2S ထွက်ရှိမယ့် အချိန်အတိအကျကို ထုတ်ပြန်ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။

Xiaomi ကနေ Mi Mix 2S စမတ်ဖုန်းကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာသွားမှာဖြစ်ပြီးတော့ အခုထုတ်လိုက်တဲ့ Teaser ဓါတ်ပုံမှတော့ 273741 ဆိုပြီးရေးထားတာဖြစ်ပါတယ်။ Qualcomm Snapdragon 845 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ အဆိုပါ 273741 ဆိုတဲ့ ဂဏန်းတွေဟာ Antutu Benchmark ရမှတ်တွေဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

လက်ရှိအချိန်မှာ Qualcomm Snapdragon 835 Processor ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ Antutu Benchmark အနေနဲ့ 170,000 ဝန်းကျင်ပဲရှိတဲ့အတွက် အခုပြောထားတဲ့ရမှတ်သာအမှန်ဆိုရင် Mi Mix 2S က လက်ရှိအချိန်မှာ အမြန်ဆုံးသောစမတ်ဖုန်းဖြစ်လာနိုင်ဦးမှာပါ။

Mi Mix 2S စမတ်ဖုန်းဟာ 5.99″ Screen ရှိမှာဖြစ်ပြီးတော့ ယခင် Mi Mix ဖုန်းတွေထက်တောင် ဘေးဘောင်တွေလုံးဝမရှိသလောက်ကိုသေးငယ်သွားတဲ့ဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။ အချို့သတင်းတွေအရဆိုရင် Under Glass Fingerprint ကိုပါ ပထမဆုံး အသုံးပြုလာမယ့် Xiaomi ဖုန်းဖြစ်တယ်လို့တောင် ပြောနေကြတဲ့အတွက် တကယ်ဖြစ်လာ မဖြစ်လာကတော့ လာမယ့် မတ်လ ၂၇ ရက်ကိုပဲ စောင့်ကြည့်ရအောင်လား?