Xiaomi ကနေ Mi Mix 2s စမတ်ဖုန်းကိုလာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာတော့မှာဖြစ်ပါတယ်။ Xiaomi အနေနဲ့ အခုထုတ်လုပ်သွားမယ့် Mi Mix 2s စမတ်ဖုန်းမှာ Qualcomm Snapdragon 845 Processor ပါဝင်လာတယ်ဆိုတာကလွဲရင်ကျန်တဲ့အချက်တွေကို ပြောကြားထားခြင်းမရှိတဲ့အတွက် သိရခြင်းမရှိသေးပါဘူး။

ဒါပေမယ့် အခုအချိန်မှာ Mi Mix 2s လို့ ယူဆရတဲ့စမတ်ဖုန်းတစ်ခုရဲ့ ဓါတ်ပုံထွက်ပေါ်လာပြီးတော့ အချို့ Features တွေကိုပါ သိရှိလာစေခဲ့ပါတယ်။ အခုဓါတ်ပုံဟာ ပုံမှန် စမတ်ဖုန်းတစ်ခုပုံပဲဖြစ်ပေမယ့် Always On Display နဲ့ Under-display Fingerprint နည်းပညာတွေပါဝင်မယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Mi Mix 2s စမတ်ဖုန်းမှာ Always On Display နဲ့ Under-Display Fingerprint ထည့်သွင်းနိုင်ဖို့အတွက် OLED Display ကိုအသုံးပြုသွားမှာဖြစ်ပြီးတော့ ဒါက Xiaomi အတွက် Redmi Pro နဲ့ Mi Note 2 ဖုန်းတွေပြီးရင် တတိယမြောက် OLED Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်လာမှာပါ။

နောက်ထပ်ပေါက်ကြားထားတဲ့ သတင်းတွေအရတော့ Xiaomi Mi Mix 2s ဖုန်းရဲ့ Screen က 6.01″ OLED Display ဖြစ်ပြီးတော့ Sony IMX 363 Camera Sensor ကိုပါ အသုံးပြုလာမယ်လို့ ထွက်ပေါ်နေပါတယ်။