Zawgyi

Xiaomi Mi Mix 3 ကို ဒီေန႔မွ တရားဝင္ မိတ္ဆက္မွာ ဆိုေပမယ့္ Mi Mix 3 ရဲ႕ Camera Quality ရမွတ္ေတြကေတာ့ DXOMark ေပၚကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ပုံမွန္ဆိုရင္ စမတ္ဖုန္း တစ္လုံးက တရားဝင္ ထြက္ရွိၿပီး ရက္အနည္းငယ္ၾကာမွ DXOMark ေပၚကို ေရာက္ေလ့ ေရာက္ထ ရွိေပမယ့္ Mi Mix 3 ကေတာ့ ေစာေစာစီးစီး ေရာက္ရွိေနတာ ျဖစ္ပါတယ္။

Mi Mix 3 ရဲ႕ ကင္မရာ အပိုင္းအတြက္ 12MP (f/1.8, OIS) နဲ႔ 12MP (f/2.4) Tele-Camera ေတြကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ Mi Mix 3 ဟာ ရမွတ္ ၁၀၃မွတ္နဲ႔အတူ DXOMark အမွတ္ေပးဇယားရဲ႕ တတိယေနရာကို ေရာက္ရွိေနတာ ျဖစ္ၿပီး ဒုတိယေနရာမွာေတာ့ Apple ရဲ႕ iPhone XS Max ပါ။ ပထမေနရာကိုေတာ့ Huawei P20 Pro က ဆက္လက္ သိမ္းပိုက္ထားဆဲ ျဖစ္ပါတယ္။ ၿပိဳင္ဘက္ ကုမၸဏီေတြက P20 Pro ရဲ႕ ေနရာကို ခုခ်ိန္ထိ လုမယူႏိုင္ေသးေပမယ့္ မၾကာေသးခင္က မိတ္ဆက္ထားတဲ့ Mate 20 Pro က လုယူႏိုင္မလားဆိုတာကေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

DXOMark အမွတ္ေပး ဇယားမွာ ရမွတ္ ၁၀၃မွတ္နဲ႔ ရပ္တည္ေနတာ Mi Mix 3 တစ္လုံးတည္း မဟုတ္ပါဘူး။ Samsung Galaxy Note 9 နဲ႔ HTC 12+ တို႔ဟာလည္း အမွတ္ဇယားရဲ႕ တတိယေနရာမွာ ပူးတြဲရပ္တည္ေနတာ ျဖစ္ပါတယ္။

Ref: DXOMark

Unicode

တရားဝင် မိတ်မဆက်ရသေးပေမယ့် DXOMark မှာ ဆရာကျနေတဲ့ Xiaomi Mi Mix 3

Xiaomi Mi Mix 3 ကို ဒီနေ့မှ တရားဝင် မိတ်ဆက်မှာ ဆိုပေမယ့် Mi Mix 3 ရဲ့ Camera Quality ရမှတ်တွေကတော့ DXOMark ပေါ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် စမတ်ဖုန်း တစ်လုံးက တရားဝင် ထွက်ရှိပြီး ရက်အနည်းငယ်ကြာမှ DXOMark ပေါ်ကို ရောက်လေ့ ရောက်ထ ရှိပေမယ့် Mi Mix 3 ကတော့ စောစောစီးစီး ရောက်ရှိနေတာ ဖြစ်ပါတယ်။

Mi Mix 3 ရဲ့ ကင်မရာ အပိုင်းအတွက် 12MP (f/1.8, OIS) နဲ့ 12MP (f/2.4) Tele-Camera တွေကို နောက်ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ Mi Mix 3 ဟာ ရမှတ် ၁၀၃မှတ်နဲ့အတူ DXOMark အမှတ်ပေးဇယားရဲ့ တတိယနေရာကို ရောက်ရှိနေတာ ဖြစ်ပြီး ဒုတိယနေရာမှာတော့ Apple ရဲ့ iPhone XS Max ပါ။ ပထမနေရာကိုတော့ Huawei P20 Pro က ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။ ပြိုင်ဘက် ကုမ္ပဏီတွေက P20 Pro ရဲ့ နေရာကို ခုချိန်ထိ လုမယူနိုင်သေးပေမယ့် မကြာသေးခင်က မိတ်ဆက်ထားတဲ့ Mate 20 Pro က လုယူနိုင်မလားဆိုတာကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

DXOMark အမှတ်ပေး ဇယားမှာ ရမှတ် ၁၀၃မှတ်နဲ့ ရပ်တည်နေတာ Mi Mix 3 တစ်လုံးတည်း မဟုတ်ပါဘူး။ Samsung Galaxy Note 9 နဲ့ HTC 12+ တို့ဟာလည်း အမှတ်ဇယားရဲ့ တတိယနေရာမှာ ပူးတွဲရပ်တည်နေတာ ဖြစ်ပါတယ်။

Ref: DXOMark