Zawgyi

Xiaomi ဟာ လာမယ့္ႏုိဝင္ဘာလ ၅ ရက္ေန႔မွာ Mi CC9 Pro စမတ္ဖုန္းကို ေၾကညာသြားမွာျဖစ္ၿပီး ေနာက္ထပ္ ကိုးရက္အၾကာ ၁၄ ရက္ေန႔မွာေတာ့ ႏုိင္ငံတကာေစ်းကြက္ကို Mi Note 10 အမည္ျဖင့္ ထပ္မံျဖန္႔ခ်ိလာမွာပါ။

Mi CC9 Pro နဲ႔ Mi Note 10 စမတ္ဖုန္းႏွစ္ခုလုံးကို 108MP အဓိက Sensor ပါဝင္တဲ့ Penta-camera (ကင္မရာငါးလုံး)အတြဲနဲ႔ အဓိကေၾကာ္ျငာထားပါတယ္။ ဒါေၾကာင့္ Mi Note 10 စမတ္ဖုန္းဟာ တရုတ္ျပည္တြင္းက Mi CC9 Pro ကုိပဲ အမည္ေျပာင္းၿပီး ႏုိင္ငံတကာေစ်းကြက္ကို တင္ပို႔လာတာျဖစ္မယ္လို႔ အမ်ားက ခန္႔မွန္းခဲ့ၾကၿပီး ယေန႔မွာ ထြက္ရွိလာတဲ့ Geekbench အခ်က္အလက္ေတြက ဒါကို အတည္ျပဳေပးခဲ့ပါတယ္။

Mi Note 10 နဲ႔ Mi CC9 Pro ႏွစ္ခုစလုံးဟာ Geekbench ေပၚမွာ တူညီတဲ့ Specs နဲ႔ထြက္ရွိလာေပမယ့္ CC9 Pro မွာ 8GB RAM မန္မုိရီနဲ႔ေတြ႕ခဲ့ရၿပီး Mi Note 10 မွာေတာ့ 6GB RAM သာ ပါခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း TENAA ဝက္ဆုိက္မွာေတာ့ Mi CC9 Pro မွာ မတူညီတဲ့ RAM ေရြးခ်ယ္မႈေနာက္ထပ္ႏွစ္မ်ဳိး (6GB / 12GB) တုိ႔ ပါဝင္တာကို ျမင္ခဲ့ရတဲ့အတြက္ ကြာျခားမႈမရွိဘူးလို႔ပဲ ဆုိရမွာပါ။

က်န္တဲ့ Specs ေတြကေတာ့ 2.2GHz Octa-core ပရုိဆက္ဆာ (Snapdragon 730G လို႔ ယူဆရ) နဲ႔အတူ Ind-Display Fingerprint ပါတဲ့ 6.47” လက္မ FHD+ OLED Display တစ္ခု၊ 32MP Selfie ကင္မရာတုိ႔ပါ။ ဘကၳရီက 5,260 mAh အႀကီးစားျဖစ္ၿပီး 30W အားအျမန္သြင္းစနစ္ပါဝင္ပါတယ္။ Mi စမတ္ဖုန္းသစ္ဟာ Storage ေရြးခ်ယ္မႈ 64GB / 128GB / 256GB ဆုိၿပီး ေမာ္ဒယ္သုံးမ်ဳိးနဲ႔ ထြက္လာမွာပါ။

Ref – GSM Arena

Unicode

Xiaomi ဟာ လာမယ့်နိုဝင်ဘာလ ၅ ရက်နေ့မှာ Mi CC9 Pro စမတ်ဖုန်းကို ကြေညာသွားမှာဖြစ်ပြီး နောက်ထပ် ကိုးရက်အကြာ ၁၄ ရက်နေ့မှာတော့ နိုင်ငံတကာဈေးကွက်ကို Mi Note 10 အမည်ဖြင့် ထပ်မံဖြန့်ချိလာမှာပါ။

Mi CC9 Pro နဲ့ Mi Note 10 စမတ်ဖုန်းနှစ်ခုလုံးကို 108MP အဓိက Sensor ပါဝင်တဲ့ Penta-camera (ကင်မရာငါးလုံး)အတွဲနဲ့ အဓိကကြော်ငြာထားပါတယ်။ ဒါကြောင့် Mi Note 10 စမတ်ဖုန်းဟာ တရုတ်ပြည်တွင်းက Mi CC9 Pro ကိုပဲ အမည်ပြောင်းပြီး နိုင်ငံတကာဈေးကွက်ကို တင်ပို့လာတာဖြစ်မယ်လို့ အများက ခန့်မှန်းခဲ့ကြပြီး ယနေ့မှာ ထွက်ရှိလာတဲ့ Geekbench အချက်အလက်တွေက ဒါကို အတည်ပြုပေးခဲ့ပါတယ်။

Mi Note 10 နဲ့ Mi CC9 Pro နှစ်ခုစလုံးဟာ Geekbench ပေါ်မှာ တူညီတဲ့ Specs နဲ့ထွက်ရှိလာပေမယ့် CC9 Pro မှာ 8GB RAM မန်မိုရီနဲ့တွေ့ခဲ့ရပြီး Mi Note 10 မှာတော့ 6GB RAM သာ ပါခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း TENAA ဝက်ဆိုက်မှာတော့ Mi CC9 Pro မှာ မတူညီတဲ့ RAM ရွေးချယ်မှုနောက်ထပ်နှစ်မျိုး (6GB / 12GB) တို့ ပါဝင်တာကို မြင်ခဲ့ရတဲ့အတွက် ကွာခြားမှုမရှိဘူးလို့ပဲ ဆိုရမှာပါ။

ကျန်တဲ့ Specs တွေကတော့ 2.2GHz Octa-core ပရိုဆက်ဆာ (Snapdragon 730G လို့ ယူဆရ) နဲ့အတူ Ind-Display Fingerprint ပါတဲ့ 6.47” လက်မ FHD+ OLED Display တစ်ခု၊ 32MP Selfie ကင်မရာတို့ပါ။ ဘက္ထရီက 5,260 mAh အကြီးစားဖြစ်ပြီး 30W အားအမြန်သွင်းစနစ်ပါဝင်ပါတယ်။ Mi စမတ်ဖုန်းသစ်ဟာ Storage ရွေးချယ်မှု 64GB / 128GB / 256GB ဆိုပြီး မော်ဒယ်သုံးမျိုးနဲ့ ထွက်လာမှာပါ။

Ref – GSM Arena