Xiaomi ရဲ့ Mi Note 3 ဖုန်းက 5.5″ Display, Qualcomm Snapdragon 660 Processor နဲ့ Selfie Camera ပိုင်းကိုလည်း Dual Sony IMX 386 12 Megapixel Sensor နဲ့အဆင့်မြှင့်တင်ခဲ့တာတွေအပြင် ဈေးနှုန်းအရလည်း အခုဆိုရင် ငွေကျပ် ၄ သိန်းအောက်ပဲရှိတော့တဲ့အတွက် Mid Range ဖုန်းတွေထဲမှာ ဈေးအရတန်တယ်လို့ ပြောလို့ရပါတယ်။

ကင်မရာပိုင်းစွမ်းဆောင်ရည်ကို တိုင်းတာတဲ့ Benchmarking Website တစ်ခုဖြစ်တဲ့ DxOMark ကနေ Xiaomi Mi Note 3 စမတ်ဖုန်းကို အခုအချိန်မှာ ရမှတ် 90 Marks ပေးလိုက်ပါတယ်။ အဲ့ဒီအတွက် Xiaomi Mi Note 3 ရဲ့ ကင်မရာစွမ်းဆောင်ရည်က Google Pixel နဲ့ HTC U11 ဖုန်းတွေရဲ့ ကင်မရာစွမ်းဆောင်ရည်နဲ့တူညီပြီးတော့ Apple iPhone 7 Plus နဲ့ Huawei P10 ရဲ့ 87 Marks, Sony XZ Premium ရဲ့ 83 Marks တွေထက် ပိုပြီးများပြားနေတဲ့အတွက် Mi Note 3 ရဲ့ ကင်မရာက စွမ်းဆောင်ရည် တော်တော်ကြီးကို ကောင်းမွန်တာပါ။

Mi Note 3 ရဲ့ ယခုရမှတ်ဟာ စုစုပေါင်းရမှတ်ဖြစ်ပြီးတော့ ဓါတ်ပုံအတွက် 94 မှတ်နဲ့ Video အတွက် 82 မှတ်ပဲ ရရှိထားတာဖြစ်ပါတယ်။ DxOMark ကတော့ Xiaomi Mi Note 3 ဖုန်းကို Autofocus မြန်ဆန်ပြီး တိကျတဲ့အချက်၊ Zoom ဆွဲတဲ့အခြေအနေနဲ့ Portrait Shot တွေကို ချီးကျူးခဲ့ပြီး Video ပိုင်းမှာတော့ Details ပိုင်းအားနည်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။

Xiaomi Mi Note 3 အသုံးပြုနေတဲ့ရှိကြပါသလား?