[Zawgyi]

Google ဟာ Android Q မွာ ပါဝင္လာမယ့္ Features အသစ္ေတြ အေၾကာင္းေတြကို Google I/O 2019 ႏွစ္ပတ္လည္ Developers Conference မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ကုမၸဏီ ၁၃ခုရဲ႕ စမတ္ဖုန္း ၂၁မ်ိဴးအတြက္ တတိယအႀကိမ္ေျမာက္ Beta ဗားရွင္းျဖစ္တဲ့ Android Q Beta 3 ကို ထုတ္လႊင့္ေပးထားၿပီး ျဖစ္ေၾကာင္းကိုလည္း Google က ေၾကညာထားပါေသးတယ္။

ကုမၸဏီ ၁၃ခုထဲမွာ Xiaomi လည္း ပါဝင္ခဲ့ၿပီး သူတို႔ရဲ႕ ေနာက္ဆုံးထြက္ စမတ္ဖုန္းေတြျဖစ္တဲ့ Mi 9 နဲ႔ Mi MIX 3 (5G) တို႔က Android Q Beta ကို Update ျပဳလုပ္ခြင့္ ရရွိခဲ့ပါတယ္။ ဒီေန႔မွာေတာ့ Xiaomi ရဲ႕ Smartphone Software Department မွာ ဒါ႐ိုက္တာရာထူးနဲ႔ တာဝန္ထမ္းေဆာင္ေနသူ Zhang Guoquan က Mi 9 မွာ Android Q Operating System ထည့္သြင္းေမာင္းႏွင္ထားတဲ့ ဓာတ္ပုံေတြကို Weibo မွာ ျဖန္႔ေဝလာခဲ့ပါတယ္။ Zhang Guoquan ျဖန္႔ေဝလိုက္တဲ့ ဓာတ္ပုံမွာ Google Service ေတြ ပါဝင္ေနတာေၾကာင့္ အဆိုပါ စမတ္ဖုန္းဟာ ႏိုင္ငံတကာကို ျဖန္႔ခ်ိေရာင္းခ်ေနတဲ့ Global အလုံးျဖစ္ႏိုင္ပါတယ္။

ဒါ့အျပင္ Zhang Quoquan က Android Q ဟာ လက္ရွိမွာ Beta ဗားရွင္းအဆင့္ပဲ ရွိေသးတာေၾကာင့္ Bugs ေတြ ပါဝင္တယ္လို႔ ေျပာၾကားထားၿပီး၊ ျဖစ္ေလ့ ျဖစ္ထရွိတဲ့ Bugs ေတြကို စာရင္းနဲ႔တကြ ျပန္လည္မွ်ေဝေပးထားပါတယ္။ ျဖစ္ေလ့ ျဖစ္ထရွိတဲ့ Bugs ေတြကေတာ့ – ဖုန္း Screen off ေနတဲ့အခ်ိန္မွာ Alarm မျမည္တာမ်ိဴး၊ Wireless Display ထဲက Wireless Projection Device ကို ေ႐ြးလိုက္ရင္ ဖုန္းက Restart က်သြားမ်ိဴး၊ Settings ထဲက Gesture ကို ေ႐ြးလိုက္ရင္ Settings app က ရပ္သြားတာမ်ိဴး၊ Refresh လုပ္လိုက္ရင္ File app ရပ္သြားတာမ်ိဴး၊ Settings ထဲမွာ Screen အေရာင္ ေျပာင္းမရတာမ်ိဴး၊ Fingerprint ထည့္လို႔ မရတာမ်ိဴးနဲ႔ Brightness ကို Auto လုပ္လိုက္ရင္ Settings app ရပ္သြားတာမ်ိဴးေတြ ႀကဳံေတြ႕ရတတ္ပါတယ္။

Ref: Gizmochina

[Unicode]

Android 10 (Q) ထည့်သွင်းမောင်းနှင်ထားတဲ့ Mi 9 ကို Xiaomi အရာရှိ ထုတ်ပြ

Google ဟာ Android Q မှာ ပါဝင်လာမယ့် Features အသစ်တွေ အကြောင်းတွေကို Google I/O 2019 နှစ်ပတ်လည် Developers Conference မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီ ၁၃ခုရဲ့ စမတ်ဖုန်း ၂၁မျိူးအတွက် တတိယအကြိမ်မြောက် Beta ဗားရှင်းဖြစ်တဲ့ Android Q Beta 3 ကို ထုတ်လွှင့်ပေးထားပြီး ဖြစ်ကြောင်းကိုလည်း Google က ကြေညာထားပါသေးတယ်။

ကုမ္ပဏီ ၁၃ခုထဲမှာ Xiaomi လည်း ပါဝင်ခဲ့ပြီး သူတို့ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေဖြစ်တဲ့ Mi 9 နဲ့ Mi MIX 3 (5G) တို့က Android Q Beta ကို Update ပြုလုပ်ခွင့် ရရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ Xiaomi ရဲ့ Smartphone Software Department မှာ ဒါရိုက်တာရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူ Zhang Guoquan က Mi 9 မှာ Android Q Operating System ထည့်သွင်းမောင်းနှင်ထားတဲ့ ဓာတ်ပုံတွေကို Weibo မှာ ဖြန့်ဝေလာခဲ့ပါတယ်။ Zhang Guoquan ဖြန့်ဝေလိုက်တဲ့ ဓာတ်ပုံမှာ Google Service တွေ ပါဝင်နေတာကြောင့် အဆိုပါ စမတ်ဖုန်းဟာ နိုင်ငံတကာကို ဖြန့်ချိရောင်းချနေတဲ့ Global အလုံးဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Zhang Quoquan က Android Q ဟာ လက်ရှိမှာ Beta ဗားရှင်းအဆင့်ပဲ ရှိသေးတာကြောင့် Bugs တွေ ပါဝင်တယ်လို့ ပြောကြားထားပြီး၊ ဖြစ်လေ့ ဖြစ်ထရှိတဲ့ Bugs တွေကို စာရင်းနဲ့တကွ ပြန်လည်မျှဝေပေးထားပါတယ်။ ဖြစ်လေ့ ဖြစ်ထရှိတဲ့ Bugs တွေကတော့ – ဖုန်း Screen off နေတဲ့အချိန်မှာ Alarm မမြည်တာမျိူး၊ Wireless Display ထဲက Wireless Projection Device ကို ရွေးလိုက်ရင် ဖုန်းက Restart ကျသွားမျိူး၊ Settings ထဲက Gesture ကို ရွေးလိုက်ရင် Settings app က ရပ်သွားတာမျိူး၊ Refresh လုပ်လိုက်ရင် File app ရပ်သွားတာမျိူး၊ Settings ထဲမှာ Screen အရောင် ပြောင်းမရတာမျိူး၊ Fingerprint ထည့်လို့ မရတာမျိူးနဲ့ Brightness ကို Auto လုပ်လိုက်ရင် Settings app ရပ်သွားတာမျိူးတွေ ကြုံတွေ့ရတတ်ပါတယ်။

Ref: Gizmochina