[Zawygi]

ဒီေန႔ေခတ္ စမတ္ဖုန္းေတြဟာဆိုရင္ သာမန္ Laptop တစ္လုံးထက္ ၃ဆပိုမ်ားတဲ့ RAM ပမာဏေတြကို အသုံးျပဳလာၾကပါၿပီ။ အဆိုပါ RAM ပမာဏကိုေတာ့ Lenovo Z5 Pro GT မွာ စတင္ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး Snapdragon 855 SoC ကို RAM 12GB နဲ႔အတူ တြဲဖက္ အသုံးျပဳထားတာ ျဖစ္ပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာလည္း Samsung က RAM 12GB ပါဝင္တဲ့ Galaxy S10+ ကို မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

ယခုအခါမွာေတာ့ RAM 12GB စမတ္ဖုန္းေတြကို ထုတ္လုပ္သြားမယ့္ ကုမၸဏီေတြထဲမွာ Xiaomi ကိုပါ ထည့္တြက္ရေတာ့မွာ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Xiaomi ရဲ႕ Founder ျဖစ္သူ Lei Jun က Mi 9 Transparent Edition မွာ RAM 12GB ပါဝင္မယ္ဆိုတဲ့ အေၾကာင္းကို Weibo မွာ တရားဝင္ ထုတ္ေဖာ္ေျပာၾကားသြားလို႔ ျဖစ္ပါတယ္။


Mi 9 Transparent Edition နဲ႔ ပတ္သတ္ၿပီး Lei Jun ထုတ္ေဖာ္ေျပာၾကားသြားတဲ့ အေၾကာင္းအရာေတြက RAM တစ္မ်ိဴးတည္း မဟုတ္ပါဘူး။ လွပေက်ာ့ရွင္းတဲ့ Transparent ဒီဇိုင္းရေအာင္ ဘယ္လိုမ်ိဴး ျပဳလုပ္ထားတယ္ဆိုတဲ့ အေၾကာင္းအရာနဲ႔ 48MP Camera Sensor ရဲ႕ အခ်က္အလက္တခ်ိဴ႕ကိုလည္း ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။ ဒါ့အျပင္ Mi 9 Transparent Edition ရဲ႕ ဒီဇိုင္း၊ ကာလာ၊ အေနအထားေတြကို ေဖာ္ျပထားတဲ့ ဓာတ္ပုံေတြကိုလည္း မွ်ေဝေပးထားပါေသးတယ္။

Mi 9 Transparent Edition မွာ တပ္ဆင္ထားမယ့္ 48MP Camera Sensor ဟာ Aperture f/1.47 အက်ယ္ရွိ 7P Lens ျဖစ္တဲ့အတြက္ သာမန္ Mi 9 မွာ တပ္ဆင္ထားမယ့္ Aperture f/1.75 အက်ယ္ရွိ 48MP 6P Lens ထက္ ပိုမိုအဆင့္ျမင့္တယ္လို႔ သိရပါတယ္။ ေနာက္ေက်ာဘက္မွာ ဖုံးအုပ္ထားတဲ့ ဖန္သားဟာ Gradient Glass အမ်ိဴးအစားျဖစ္ၿပီး အထူက ၀.၄မီလီမီတာသာ ရွိတယ္လို႔ ေျပာၾကားထားပါတယ္။ ဒါ့အျပင္ ဖန္သားကိုလည္း ခံႏိုင္ရည္ရွိေအာင္ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

Ref : Xda-developers

[Unicode]

လန်ပြန်ထွက်နေတဲ့ ဒီဇိုင်းနဲ့အတူ RAM 12GB ပါဝင်လာမယ့် Xiaomi Mi 9 Transparent Edition

ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာဆိုရင် သာမန် Laptop တစ်လုံးထက် ၃ဆပိုများတဲ့ RAM ပမာဏတွေကို အသုံးပြုလာကြပါပြီ။ အဆိုပါ RAM ပမာဏကိုတော့ Lenovo Z5 Pro GT မှာ စတင်မြင်တွေ့ခဲ့ရတာဖြစ်ပြီး Snapdragon 855 SoC ကို RAM 12GB နဲ့အတူ တွဲဖက် အသုံးပြုထားတာ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာလည်း Samsung က RAM 12GB ပါဝင်တဲ့ Galaxy S10+ ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ RAM 12GB စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမယ့် ကုမ္ပဏီတွေထဲမှာ Xiaomi ကိုပါ ထည့်တွက်ရတော့မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Xiaomi ရဲ့ Founder ဖြစ်သူ Lei Jun က Mi 9 Transparent Edition မှာ RAM 12GB ပါဝင်မယ်ဆိုတဲ့ အကြောင်းကို Weibo မှာ တရားဝင် ထုတ်ဖော်ပြောကြားသွားလို့ ဖြစ်ပါတယ်။

Mi 9 Transparent Edition နဲ့ ပတ်သတ်ပြီး Lei Jun ထုတ်ဖော်ပြောကြားသွားတဲ့ အကြောင်းအရာတွေက RAM တစ်မျိူးတည်း မဟုတ်ပါဘူး။ လှပကျော့ရှင်းတဲ့ Transparent ဒီဇိုင်းရအောင် ဘယ်လိုမျိူး ပြုလုပ်ထားတယ်ဆိုတဲ့ အကြောင်းအရာနဲ့ 48MP Camera Sensor ရဲ့ အချက်အလက်တချိူ့ကိုလည်း ထုတ်ဖော်ပြောကြားသွားပါတယ်။ ဒါ့အပြင် Mi 9 Transparent Edition ရဲ့ ဒီဇိုင်း၊ ကာလာ၊ အနေအထားတွေကို ဖော်ပြထားတဲ့ ဓာတ်ပုံတွေကိုလည်း မျှဝေပေးထားပါသေးတယ်။

Mi 9 Transparent Edition မှာ တပ်ဆင်ထားမယ့် 48MP Camera Sensor ဟာ Aperture f/1.47 အကျယ်ရှိ 7P Lens ဖြစ်တဲ့အတွက် သာမန် Mi 9 မှာ တပ်ဆင်ထားမယ့် Aperture f/1.75 အကျယ်ရှိ 48MP 6P Lens ထက် ပိုမိုအဆင့်မြင့်တယ်လို့ သိရပါတယ်။ နောက်ကျောဘက်မှာ ဖုံးအုပ်ထားတဲ့ ဖန်သားဟာ Gradient Glass အမျိူးအစားဖြစ်ပြီး အထူက ၀.၄မီလီမီတာသာ ရှိတယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ဖန်သားကိုလည်း ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Ref : Xda-developers