The Information က Microsoft နဲ့ OpenAI တို့ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ် ကုန်ကျမယ့် ဒေတာ စင်တာကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ အဲဒီ စီမံကိန်းကနေ ၂၀၂၈ ခုနှစ်မှာ Stargate အမည်ရ အရွယ်ကြီး AI စူပါကွန်ပြူတာကို တည်ဆောက်မှာပါ။

Come build with us: Microsoft and OpenAI partnership unveils new AI  opportunities | The Microsoft Cloud Blog

အလွန်ရှုပ်ထွေးတဲ့ အလုပ်တွေကိုလုပ်နိုင်တဲ့ AI ဒေတာ စင်တာတွေ လိုအပ်မှု မြင့်မားလာတဲ့အတွက် အခု စီမံကိန်းကို ပြုလုပ်တာဖြစ်ပါတယ်။ Generative AI နည်းပညာ တိုးတက်လာတဲ့အတွက် ဒေတာစင်တာတွေ လိုအပ်လာတာပါ။

Microsoft က ဒီစီမံကိန်းမှာ အဓိက ငွေကြေး စိုက်ထုတ်မှာ ဖြစ်ပါတယ်။ စီမံကိန်းရဲ့ ကုန်ကျစားရိတ်ဟာ လက်ရှိ ဒေတာ စင်တာတွေထက် အဆ ၁၀၀ ပိုများပါတယ်။

From Code to Cloud: OpenAI and Microsoft's Game-Changing Partnership | by  Gulshan N | Stackademic

စူပါကွန်ပြူတာကို အချိန် ၆ နှစ်ယူကာ အမေရိကန်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်း အဆင့် ၅ ခု ရှိပြီး Stargate ဟာ နောက်ဆုံး အဆင့် ဖြစ်ပါတယ်။ လက်ရှိမှာ Microsoft ဟာ OpenAI အတွက် အရွယ်သေး စူပါ ကွန်ပြူတာကို တည်ဆောက်နေပြီး ၂၀၂၆ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။

Ref : gizmochina