Skype ဟာ လက်ရှိအချိန်အထိ လူသုံးများနေဆဲဖြစ်တဲ့ VOIP Calling Application တစ်ခုဖြစ်ပြီးတော့အခုအချိန်မှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ရရှိလာပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ Feature ပိုင်းအပြောင်းအလဲဖြစ်တာမဟုတ်ပေမယ့် Android Version အနိမ့်ဖုန်းတွေမှာပါ အသုံးပြုနိုင်လာတာပဲဖြစ်ပါတယ်။

Microsoft ရဲ့ ကြေငြာချက်မှာ Skype ကို ယခင်က Android Version အနိမ့်ဆုံး 5.1 Lollipop ရှိဖို့ လိုအပ်တာကနေ အခုအချိန်မှာတော့ Android Version 4.0.3 နဲ့ အထက် Android ဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် Optimize ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အခု Skype Application ဟာ Android Version အနိမ့်ဖုန်းတွေမှာပဲ အသုံးပြုလာနိုင်မယ့်အပြင် စမတ်ဖုန်းရဲ့ Storage နဲ့ Memory စားသုံးမှုကိုလည်း လျော့ချပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဒီအတိုင်း စမတ်ဖုန်းအနိမ့်တွေမှာလည်း စက်လေးသွားခြင်း၊ Hang သွားခြင်းမရှိပဲအသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

Android Version 4.0.3 နဲ့ အထက်အသုံးပြုနိုင်မယ့် Skype Application ကို Microsoft ကနေ လောလောဆယ်တော့ Google Play Store မှာ Download ပြုလုပ်လို့မရသေးပေမယ့် မကြာခင်မှာအသုံးပြုလို့ရသွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။