မ်ဳိးဆက္သစ္ Gaming ဦးစားေပး စမတ္ဖုန္းေတြမွာ ကိုယ္ပိုင္ Hardware Control အစိတ္အပိုင္းေတြ ထည့္သြင္းေပးလာၾကေပမယ့္ ဟန္းဆက္အမ်ားစုကေတာ့ စမတ္ဖုန္းပီသစြာ Touch နဲ႔ Motion Control ထိန္းခ်ဳပ္မႈကိုသာ ရရွိေနတုန္းပါပဲ။ ဒါဟာ ပုံမွန္ Casual ဂိမ္းေတြအတြက္လည္း အဆင္ေျပေနေပမယ့္ နည္းပညာဘီလူးၾကီး မုိက္ခရုိေဆာ့ဖ္ (Microsoft) ကေတာ့ သူ႕ကုိယ္ပုိင္ Xbox ကြန္ဆုိးဂိမ္းစက္က ဂိမ္းလက္ကိုင္ ေတြနဲ႔ တူညီတဲ့ မုိဘုိင္းဂိမ္းလက္ကုိင္ေတြကို ဒီဖုန္းေတြမွာ တပ္ေပးလိုက္ရင္ Hardcore ဂိမ္းစက္ေတြ ျဖစ္လာမယ္ လို႔ ယုံၾကည္ေနပါတယ္။
လက္ရွိမွာေတာ့ စမ္းသပ္ပေရာဂ်က္အဆင့္သာ ရွိေသးေပမယ့္ သူ႕ရဲ႕တုိးတက္မႈေတြကို Xbox ဝက္ဆုိက္မွာလည္း ေဖာ္ျပေနပါတယ္။ ဂိမ္းလက္ကုိင္ေတြကေတာ့ စမတ္ဖုန္းရဲ႕ တစ္ဖက္တစ္ခ်က္မွာ Modular ပုံစံ ကပ္ထားျပီး စံႏႈန္းျပည့္ ကြန္ဆုိးဂိမ္းလက္ကုိင္ တစ္ခုရဲ႕ ခလုတ္ေတြ စုံလင္စြာ ပါဝင္မယ့္ စတုိင္ပါ။ ပုံမွန္ ဂိမ္းလက္ကုိင္ထက္ေတာ့ ေသးငယ္ျပီး ဟန္းဆက္က စမတ္ဖုန္းပဲျဖစ္ျဖစ္၊ တက္ဘလက္ပဲျဖစ္ျဖစ္ အဆင္ေျပေျပ ကစားႏုိင္မယ့္ ပုံပါပဲ။
Slide-in Grip အပုိထည့္ေပးထားတာက လုပ္ေဆာင္မႈကို ပိုျပီးထိေရာက္ေစတယ္။ ဒါ့အျပင္ လက္ကိုင္ႏွစ္ျခမ္းကိုလည္း (Charging Dock အလယ္ခံျပီး) ဆက္လုိက္ရင္ ရုိးရာဂိမ္းလက္ကုိင္တစ္ခုပုံစံ ျဖစ္သြားဦးမွာပါ။ Motion ဂိမ္းေတြအတြက္ဆုိရင္ ဂိမ္းလက္ကိုင္တစ္ဖက္ကို VR Motion Controller ေတြနဲ႔ လဲျပီး တပ္လုိ႔လဲရမယ္ဆုိေတာ့ ေတာ္ေတာ္ကိုျပည့္စုံတဲ့ ဂိမ္း Control စနစ္ပါ။ ဒါကေတာ့ ဂိမ္းက႑မွာ ဦးေဆာင္ကုမၸဏီ တစ္ခုျဖစ္ေနတဲ့ မုိက္ခရုိေဆာ့ဖ္ဆီက ေလ်ာ့တြက္လို႔မရတဲ့ အရည္အခ်င္းပါပဲ။
တခ်ိန္တည္းမွာပဲ Xbox One Preview Beta Ring (1811) လည္း ထြက္ေနျပီျဖစ္ျပီး အခ်ဳိ႕ဂိမ္းေတြကို ကီးဘုတ္နဲ႔ ေမာက္စ္ျဖင့္ ကစားႏုိင္တဲ့ Console Update ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Xbox ေပၚက Warframe ဂိမ္းမွာပဲ ရရွိေသးတယ္။ ေနာက္ဆုိရင္ေတာ့ PUBG တုိ႔လို လူၾကိဳက္မ်ားဂိမ္းေတြဆီ ေရာက္လာမယ္လို႔ ေမွ်ာ္လင့္ရတယ္။
Ref – GSM Arena/Xbox
Unicode
မျိုးဆက်သစ် Gaming ဦးစားပေး စမတ်ဖုန်းတွေမှာ ကိုယ်ပိုင် Hardware Control အစိတ်အပိုင်းတွေ ထည့်သွင်းပေးလာကြပေမယ့် ဟန်းဆက်အများစုကတော့ စမတ်ဖုန်းပီသစွာ Touch နဲ့ Motion Control ထိန်းချုပ်မှုကိုသာ ရရှိနေတုန်းပါပဲ။ ဒါဟာ ပုံမှန် Casual ဂိမ်းတွေအတွက်လည်း အဆင်ပြေနေပေမယ့် နည်းပညာဘီလူးကြီး မိုက်ခရိုဆော့ဖ် (Microsoft) ကတော့ သူ့ကိုယ်ပိုင် Xbox ကွန်ဆိုးဂိမ်းစက်က ဂိမ်းလက်ကိုင် တွေနဲ့ တူညီတဲ့ မိုဘိုင်းဂိမ်းလက်ကိုင်တွေကို ဒီဖုန်းတွေမှာ တပ်ပေးလိုက်ရင် Hardcore ဂိမ်းစက်တွေ ဖြစ်လာမယ် လို့ ယုံကြည်နေပါတယ်။
လက်ရှိမှာတော့ စမ်းသပ်ပရောဂျက်အဆင့်သာ ရှိသေးပေမယ့် သူ့ရဲ့တိုးတက်မှုတွေကို Xbox ဝက်ဆိုက်မှာလည်း ဖော်ပြနေပါတယ်။ ဂိမ်းလက်ကိုင်တွေကတော့ စမတ်ဖုန်းရဲ့ တစ်ဖက်တစ်ချက်မှာ Modular ပုံစံ ကပ်ထားပြီး စံနှုန်းပြည့် ကွန်ဆိုးဂိမ်းလက်ကိုင် တစ်ခုရဲ့ ခလုတ်တွေ စုံလင်စွာ ပါဝင်မယ့် စတိုင်ပါ။ ပုံမှန် ဂိမ်းလက်ကိုင်ထက်တော့ သေးငယ်ပြီး ဟန်းဆက်က စမတ်ဖုန်းပဲဖြစ်ဖြစ်၊ တက်ဘလက်ပဲဖြစ်ဖြစ် အဆင်ပြေပြေ ကစားနိုင်မယ့် ပုံပါပဲ။
Slide-in Grip အပိုထည့်ပေးထားတာက လုပ်ဆောင်မှုကို ပိုပြီးထိရောက်စေတယ်။ ဒါ့အပြင် လက်ကိုင်နှစ်ခြမ်းကိုလည်း (Charging Dock အလယ်ခံပြီး) ဆက်လိုက်ရင် ရိုးရာဂိမ်းလက်ကိုင်တစ်ခုပုံစံ ဖြစ်သွားဦးမှာပါ။ Motion ဂိမ်းတွေအတွက်ဆိုရင် ဂိမ်းလက်ကိုင်တစ်ဖက်ကို VR Motion Controller တွေနဲ့ လဲပြီး တပ်လို့လဲရမယ်ဆိုတော့ တော်တော်ကိုပြည့်စုံတဲ့ ဂိမ်း Control စနစ်ပါ။ ဒါကတော့ ဂိမ်းကဏ္ဍမှာ ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်နေတဲ့ မိုက်ခရိုဆော့ဖ်ဆီက လျော့တွက်လို့မရတဲ့ အရည်အချင်းပါပဲ။
တချိန်တည်းမှာပဲ Xbox One Preview Beta Ring (1811) လည်း ထွက်နေပြီဖြစ်ပြီး အချို့ဂိမ်းတွေကို ကီးဘုတ်နဲ့ မောက်စ်ဖြင့် ကစားနိုင်တဲ့ Console Update ဖြစ်ပါတယ်။ လက်ရှိမှာတော့ Xbox ပေါ်က Warframe ဂိမ်းမှာပဲ ရရှိသေးတယ်။ နောက်ဆိုရင်တော့ PUBG တို့လို လူကြိုက်များဂိမ်းတွေဆီ ရောက်လာမယ်လို့ မျှော်လင့်ရတယ်။
Ref – GSM Arena/Xbox