Microsoft ဟာ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက Windows ဗားရှင်းသစ်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီ ဗားရှင်းသစ်နဲ့ Windows ကို Windows 10X လို့ နာမည်ပေးထားပါတယ်။ Operating System သစ်ကို ဒီနှစ်ထဲမှာပဲ ဖြန့်ချိမယ်လို့ ခန့်မှန်းထားပေမယ့် ကုမ္ပဏီက သူတို့ရဲ့ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

Windows 10X ဟာ Windows 10 core operating system ကို တိုးချဲ့တည်ဆောက်ထားတာဖြစ်ပြီး၊ လက်ရှိအခြေအနေတွေအရ လာမယ့် ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်ထဲမှာ တရားဝင်ဖြန့်ချိလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒီ Windows နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း အွန်လိုင်းပေါ်မှာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

သတင်းအရ Windows 10X မှာ “Modern Standby” feature ပါဝင်လာမှာဖြစ်ပြီး၊ Instant-on နဲ့ Always connected experience ကိုလည်း ပေးအပ်လာမယ်လို့ သိရပါတယ်။ လက်ရှိ Windows တွေဟာ Sleep mode ကနေ ပြန်ပြီး Wake up ဖြစ်ဖို့ အချိန်အတန်ကြာ စောင့်ရလေ့ရှိပါတယ်။ ဒါပေမယ့် Instant-on ကတော့ ခေါက်ပိတ်ထားတဲ့ Laptop ဖန်သားပြင်ကို လှန်ဖွင့်လိုက်တာနဲ့ ချက်ချင်းဆိုသလို ပြန်ပြီးစတင်နိုင်မယ်လို့ ဆိုပါတယ်။

Always connected feature ကတော့ Sleep mode အတွင်း Apps တွေကို Background မှာ အလုပ်လုပ်စေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ Email လို App တွေအတွက်အကျိုးရှိနိုင်မယ့် Feature လို့ ဆိုရမှာပါ။ Windows Store Apps အတော်များများကလည်း ဒီ Feature နဲ့ အဆင်ပြေပြေအလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Windows 10X project ဟာ Modern Standby feature အပြင် Dual-screen နဲ့ Foldable device တွေပေါ်မှာလည်း အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့လအနည်းငယ်က ကုမ္ပဏီအနေနဲ့ Windows 10X ကို ဖြန့်ချိဖို့ ရွှေ့ဆိုင်းပြီးတဲ့နောက် ကနဦး ထုတ်လွှတ်မှုမှာ Single-screen device ကိုပဲအာရုံစိုက်ဖို့ ပြောင်းလဲဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: Gizmochina