[Zawgyi]

Google အေနနဲ႔ Mid-range တန္းက Google Pixel 3 Lite ကို ထပ္မံေၾကညာဖြယ္ရွိတယ္လို႔ သတင္းေပါက္ၾကားမႈ ျဖစ္ေပၚလာပါတယ္။ Pixel 3 Lite ကေတာ့ အမွန္တကယ္ပဲ ထြက္ေပၚလာဖြယ္ရွိေပမယ့္ ဘယ္ေန႔ ဘယ္အခ်ိန္မွာလဲ ဆိုတာကိုပဲ အတိအက် မသိရေသးတာ ျဖစ္ပါတယ္။

APK teardown မွာေတာ့ Sargo နဲ႔ Bonito ဆိုၿပီး Codename ေတြ ေတြ႕ထားရပါတယ္။ ဒီနာမည္ႏွစ္ခုစလုံးရဲ႕ Sea-dwelling creature ေတြက ၿပီးခဲ့တဲ့ Google Pixel နဲ႔ Nexus ေတြမွာတုန္းက Google က သုံးခဲ့သလိုမ်ိဳးေတြပဲ ျဖစ္ပါတယ္။ ဒါေတြကလည္း Pixel 3 Lite နဲ႔ပတ္သက္တဲ့ ေကာလာဟလေတြကို ပိုမိုခိုင္မာေစတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေန႔တုန္းကေတာ့ Google ရဲ႕ Mid-range ဖုန္းအသစ္ရဲ႕ ဓါတ္ပုံေတြ ေပါက္ၾကားလာခဲ့ပါတယ္။ 3.5mm headphone jack နဲ႔ Pixel 3 Lite ဟာ Pixel 2 နဲ႔ အေတာ္ေလးကို တူညီတာကို ေတြ႕ရပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဓါတ္ပုံေတြကေန ေတြ႕ရတာကေတာ့ Pixel 3 Lite ဟာ Glossy Frame နဲ႔ျဖစ္တာေၾကာင့္ Plastic ကိုယ္ထည္နဲ႔ျဖစ္ႏိုင္ေျခရွိတယ္လို႔ ယူဆရပါတယ္။

ေပါက္ၾကားလာတဲ့ပုံေတြမွာ အျဖဴေရာင္နဲ႔ အနက္ေရာင္ ႏွစ္မ်ိဳးကို ေတြ႕ရပါတယ္။ အျဖဴေရာင္ကေတာ့ Neon green power key တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ GeekBench ကေနတစ္ဆင့္ သိရတဲ့ အခ်က္အလက္ေတြကေတာ့ Qualcomm Snapdragon 670 + Adreno 615, 4GB of RAM + 32GB of Storage, 2.915 mAh battery, 5.56-inch IPS LCD (2220×1080 px), 12MP main camera, 8MP front-facing camera, Android 9.0 Pie စတာေတြပဲ ျဖစ္ပါတယ္။

အကယ္၍ Google အေနနဲ႔ Pixel 3 Lite မွာလည္း အေကာင္းဆုံး ကင္မရာျဖစ္ေအာင္ ထည့္သြင္းထားမယ္ဆိုရင္ေတာ့ Mid-range အေနနဲ႔မဟုတ္ဘဲ ထြက္လာတာမ်ိဳးလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ Mid-range ေဈးမ်ိဳးထက္ ပိုတာမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။

Ref: GSMarena

 

[Unicode]

Google အနေနဲ့ Mid-range တန်းက Google Pixel 3 Lite ကို ထပ်မံကြေညာဖွယ်ရှိတယ်လို့ သတင်းပေါက်ကြားမှု ဖြစ်ပေါ်လာပါတယ်။ Pixel 3 Lite ကတော့ အမှန်တကယ်ပဲ ထွက်ပေါ်လာဖွယ်ရှိပေမယ့် ဘယ်နေ့ ဘယ်အချိန်မှာလဲ ဆိုတာကိုပဲ အတိအကျ မသိရသေးတာ ဖြစ်ပါတယ်။

APK teardown မှာတော့ Sargo နဲ့ Bonito ဆိုပြီး Codename တွေ တွေ့ထားရပါတယ်။ ဒီနာမည်နှစ်ခုစလုံးရဲ့ Sea-dwelling creature တွေက ပြီးခဲ့တဲ့ Google Pixel နဲ့ Nexus တွေမှာတုန်းက Google က သုံးခဲ့သလိုမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါတွေကလည်း Pixel 3 Lite နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို ပိုမိုခိုင်မာစေတဲ့ အချက်တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နေ့တုန်းကတော့ Google ရဲ့ Mid-range ဖုန်းအသစ်ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာခဲ့ပါတယ်။ 3.5mm headphone jack နဲ့ Pixel 3 Lite ဟာ Pixel 2 နဲ့ အတော်လေးကို တူညီတာကို တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဓါတ်ပုံတွေကနေ တွေ့ရတာကတော့ Pixel 3 Lite ဟာ Glossy Frame နဲ့ဖြစ်တာကြောင့် Plastic ကိုယ်ထည်နဲ့ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရပါတယ်။

ပေါက်ကြားလာတဲ့ပုံတွေမှာ အဖြူရောင်နဲ့ အနက်ရောင် နှစ်မျိုးကို တွေ့ရပါတယ်။ အဖြူရောင်ကတော့ Neon green power key တပ်ဆင်ထားတာ တွေ့ရပါတယ်။ GeekBench ကနေတစ်ဆင့် သိရတဲ့ အချက်အလက်တွေကတော့ Qualcomm Snapdragon 670 + Adreno 615, 4GB of RAM + 32GB of Storage, 2.915 mAh battery, 5.56-inch IPS LCD (2220×1080 px), 12MP main camera, 8MP front-facing camera, Android 9.0 Pie စတာတွေပဲ ဖြစ်ပါတယ်။

အကယ်၍ Google အနေနဲ့ Pixel 3 Lite မှာလည်း အကောင်းဆုံး ကင်မရာဖြစ်အောင် ထည့်သွင်းထားမယ်ဆိုရင်တော့ Mid-range အနေနဲ့မဟုတ်ဘဲ ထွက်လာတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Mid-range ဈေးမျိုးထက် ပိုတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

Ref: GSMarena