ပါကစ္စတန် နိုင်ငံ Gulshan-e-Iqbal မှ Happy Palace ပုဂ္ဂလိကကျောင်းမှာ နိုင်ငံရဲ့ ပထမဆုံး AI စက်ရုပ် ကျောင်းဆရာမကို မိတ်ဆက်လိုက်ပါတယ်။ Miss Aini လို့ နာမည်ပေးထားပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ လုပ်ငန်းတာဝန်တွေ စတင် ထမ်းဆောင်နေပါပြီ။
AI နည်းပညာ ထည့်သွင်းထားပြီး ဘာသာစကား ၂၀ ကျော်ကို ပြောနိုင်ပါတယ်။ သူမဟာ သင်္ချာ၊ သိပ္ပံနဲ့ ဘာသာစကား အပါအဝင် ၅ တန်း ကျောင်းသားတွေရဲ့ ဘာသာရပ်တွေကို သင်ကြားပေးနိုင်ပါတယ်။ ကျောင်းသားတွေရဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ပြီး တိုးတက်မှုကို စောင့်ကြည့်နိုင်ပါတယ်။ ကျောင်းသား တစ်ယောက်ချင်းစီရဲ့ သင်ကြားနိုင်တဲ့ အမြန်နှုန်းကို အခြေခံကာ သင်ခန်းစာတွေကို ချိန်ညှိပေးနိုင်ပါတယ်။
ကျောင်းသားတွေက Miss Aini ဟာ သူတို့မေးတာတွေကို လျှင်မြန်စွာပဲ ဖြေနိုင်တယ်လို့ ပြောပါတယ်။ စာသင်ရတာ တစ်မူထူးခြားပြီး ပျော်စရာကောင်းတယ်လို့ ပြောပါတယ်။ ကျောင်းသားတွေက Urdu , English , Sindhi , French အပါအဝင် ဘာသာစကားများစွာနဲ့ သူမကို မေးခွန်းတွေ မကြာခဏ မေးကြတယ်လို့ ပြောပါတယ်။ Aini က ဘာသာစကား သင်ယူလေ့လာချင်သူတွေအတွက်လည်း အသုံးဝင်ပါတယ်။
Miss Aini ကို တီထွင်ထားတဲ့ အင်ဂျင်နီယာ Hassan Siddiqui က အချိန် ၇ လယူကာ တီထွင်ထားတာလို့ ပြောပါတယ်။ အနာဂတ်မှာတော့ ပညာသင်ကြားရေး နယ်ပယ်မှာ AI ဆရာတွေဟာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။
Ref: Tribune