တိုက်တန်းနစ် သင်္ဘောပျက်ကို သွားရောက်ကြည့်ရှုတဲ့ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘော တိုက်တန်ကို ရှာဖွေတွေ့ရှိပြီလို့ အမေရိကန် ကမ်းခြေစောင့်တပ်က ကြေညာလိုက်ပြီး ခရီးသည် ၅ ယောက်စလုံးကတော့ သေဆုံးသွားပါပြီ။

Missing Titanic submarine found, crew killed in deep-sea catastrophe, Coast Guard says | Fox News

တိုက်တန်ကို နိုင်ငံပေါင်းစုံက ရေတပ်တွေ လိုက်လံရှာဖွေနေတာ ရက်အနည်းငယ်ကြာပြီ ဖြစ်ပြီး ကနေဒါ သင်္ဘောက စေလွှတ်လိုက်တဲ့စက်ရုပ် ရေယာဉ်က တိုက်တန်ရဲ့ အပျက်အဆီးတွေကို တွေ့ရှိခဲ့တာပါ။ တိုက်တန်းနစ် သင်္ဘောပျက်ရဲ့ ပေ ၁,၆၀၀ (၄၈၈ မီတာ) အကွာမှာ တိုက်တန်ကို တွေ့ရှိခဲ့တာပါ။ တည်နေရာက မြောက်အတ္တလန်းတစ် ပင်လယ်ရဲ့ ၄ ကီလိုမီတာ  အနက်မှာ ဖြစ်ပြီး ၂၂ ပေ အရှည်ရှိတဲ့ တိုက်တန်ရဲ့ အပျက်အဆီးတွေကို တွေ့ရပါတယ်။

A Sub Carrying 5 People Has Disappeared During a Dive to the 'Titanic' – Robb Report

တိုက်တန်နဲ့ လိုက်ပါသွားတဲ့ ခရီးသွား ၅ ယောက်ထဲမှာ OceanGate ရဲ့ တည်ထောင်သူနဲ့ CEO Stockton Rush လည်း ပါပါတယ်။ ကျန်တဲ့ ၄ ယောက်က ဗြိတိန် ဘီလီယမ်နာ Hamish Harding ၊ ပါကစ္စတန် ဖွား စီးပွားရေးလုပ်ငန်းရှင် Shahzada Dawood ၊ သူ့ရဲ့ သား Suleman ၊ ပြင်သစ် လူမျိုး Paul-Henri Nargeolet တို့ ဖြစ်ကြပါတယ်။ တိုက်တန်ဟာ ပေါက်ကွဲမှုကြောင့် ပျက်ဆီးသွားတာလို့ ယူဆထားကြပါတယ်။

အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နဲ့ ဗြိတိန်တို့က လေယာဉ်နဲ့ သင်္ဘောတွေကို အသုံးပြုကာ ပင်လယ်ရဲ့ စတုရန်းမိုင် ထောင်ပေါင်းများစွာမှာ တိုက်တန်ကို ရှာဖွေခဲ့ကြတာပါ။

Ref : gizmochina