အမေရိကန်ပြည်ထောင်စု၊ Massachusetts Institute of Technology (MIT) နည်းပညာ တက္ကသိုလ်က အဆောက်အအုံတွေကို 3D Printing နည်းပညာနဲ့ တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်နိုင်ခဲ့တယ်လို့ သိပ္ပံနည်းပညာဆိုင်ရာ တွေ့ရှိချက်တွေထုတ်တဲ့ ဂျာနယ်မှာ ရေးသားထားပါတယ်။

MIT တက္ကသိုလ်က 3D Printer တွေ မှာရှိတဲ့ နည်းပညာကို စက်ရုပ်မှာ တပ်ဆင်ထားတာပါ။ စက်ရုပ်ရဲ့လက်ကို ပိုမိုသေးငယ်အောင်ထုတ်လုပ်ထားပြီး၊ အသေးစိတ် လုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်ကာ ကွန်ကရစ်တွေနဲ့ တခြားတည်ဆောက်ရေး ဓာတ်တွေကို မှုတ်ပြီး တည်ဆောက်နိုင်ပါတယ်။

3D Printer printing Building

စမ်းသပ်ချက်အရ စက်ရုပ်က နံရံကို ပေ ၅၀ ပတ်လည် အမြင့် ၁၂ ပေမြင့်တဲ့ နံရံကို တည်ဆောက်ရေး မှာ သုံးတဲ့ ကွန်ကရစ်အပါအ၀င် ဓာတုပစ္စည်းတွေ အရည်ဖျော်ပြီး နံရံတည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီ အုတ်တံတိုင်းတည်ဆောက်ဖို့ နာရီစုစုပေါင်း ၁၄ နာရီ ကြာမြင့်ပါတယ်။

အခုလို 3D Printing စက်ရုပ်တီထွင်ရတဲ့ ရည်ရွယ်ချက်တော့ နောင်တချိန်မှာ လကမ္ဘာ၊ အင်္ဂါဂြိုဟ် (Mars) ဒါမှမဟုတ် အန္တာတိက တိုက်ကို ပို့ပြီး လူတွေ နေထိုင်ဖို့အတွက် အဆောက်အအုံတွေ ဆောက်လုပ်စေဖို့ ဖြစ်ပါတယ်။

စက်ရုပ်က ဘယ်လိုပုံစံမျိုးဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်ဖို့အတွက် အောက်မှာ ဗီဒီယိုဖိုင် Link ပေးထားပါတယ်။