[Zawgyi]

Xiaomi ဟာ သူ႔ရဲ႕ Flagship ျဖစ္တဲ့ Mi 9 အတြက္ ေရပန္းစားေနတဲ့ DC dimming feature ကို ထည့္သြင္းေပးႏိုင္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ DC dimming ဟာ MIUI update ျဖစ္တဲ့ 10.2.27 နဲ႔အတူ ပါဝင္လာမွာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံတြင္းမွာ စတင္ရရွိေနၿပီလို႔လည္း သိရပါတယ္။

MIUI 10 Update မွာ DC dimming feature သာမကဘဲ စြမ္းအင္ေႁခြတာျခင္း၊ တည္ၿငိမ္ေခ်ာေမြ႕တဲ့ ေမာင္းႏွင္မႈျဖစ္ေစျခင္းစတဲ့ အျခားအေရးပါတဲ့ စြမ္းရည္တိုးျမႇင့္မႈတြကိုလည္း ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Mi 9 ကို MIUI Update တင္လိုက္တဲ့အခါ Anti-Flicker mode အသစ္ကိုလည္း ရရွိႏိုင္မွာ ျဖစ္ပါတယ္။

Anti-Flicker mode ကိုေတာ့ Settings menu ထဲမွာသြားေရာက္ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး Xiaomi ကေတာ့ ေ႐ြးခ်ယ္မႈအသစ္က အျမင္အာ႐ုံထိခိုက္မႈကို ပိုၿပီးေတာ့ ကာကြယ္ေပးႏိုင္မယ္လို႔ အခိုင္အမာ ေျပာဆိုထားပါတယ္။ Anti-flicker ဟာ မ်က္ႏွာျပင္က အလင္းလႈပ္ရွားမႈကို ေလ်ာ့က်ေစၿပီး အလင္းေရာင္ေတာက္ပမႈနည္းေနခ်ိန္မွာ အျမင္အာ႐ုံေၾကာင့္ ေညာင္းညာျခင္းကိုလည္း ေလွ်ာ့ခ်ေပးမယ္လို႔ ဆိုပါတယ္။

Xiaomi ရဲ႕ ေဆာ့ဖ္ဝဲဆိုင္ရာဌာနက ေျပာဆိုခ်က္အရ DC dimming feature သစ္ဟာ Mi 9 ရဲ႕ အခ်က္အလက္ထုတ္လႊတ္မႈကို မထိခိုက္ေစဘဲ စြမ္းအင္သုံးစြဲမႈ ေလ်ာ့က်ေစတယ္လို႔ သိရပါတယ္။ DC dimming Feature ဟာ LCD ေရာ OLED မ်က္ႏွာျပင္ေတြမွာပါ သုံးစြဲႏိုင္တဲ့အျပင္ အလင္းေတာက္ပမႈကို သိသိသာသာ ေလွ်ာ့ခ်ႏိုင္ၿပီး မ်က္လုံးထိခိုက္မႈကိုလည္း ေလ်ာ့နည္းေစတာေၾကာင့္ လူႀကိဳက္မ်ားေနတဲ့ Feature တစ္ခုလည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

MIUI 10 Update နဲ့အတူ ရေပန်းစားနေတဲ့ DC dimming ကို Xiaomi Mi 9 မှာ သုံးနိုင်ပြီ

Xiaomi ဟာ သူ့ရဲ့ Flagship ဖြစ်တဲ့ Mi 9 အတွက် ရေပန်းစားနေတဲ့ DC dimming feature ကို ထည့်သွင်းပေးနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ DC dimming ဟာ MIUI update ဖြစ်တဲ့ 10.2.27 နဲ့အတူ ပါဝင်လာမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ တရုတ်နိုင်ငံတွင်းမှာ စတင်ရရှိနေပြီလို့လည်း သိရပါတယ်။

MIUI 10 Update မှာ DC dimming feature သာမကဘဲ စွမ်းအင်ခြွေတာခြင်း၊ တည်ငြိမ်ချောမွေ့တဲ့ မောင်းနှင်မှုဖြစ်စေခြင်းစတဲ့ အခြားအရေးပါတဲ့ စွမ်းရည်တိုးမြှင့်မှုတွကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Mi 9 ကို MIUI Update တင်လိုက်တဲ့အခါ Anti-Flicker mode အသစ်ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

Anti-Flicker mode ကိုတော့ Settings menu ထဲမှာသွားရောက်ရွေးချယ်နိုင်မှာဖြစ်ပြီး Xiaomi ကတော့ ရွေးချယ်မှုအသစ်က အမြင်အာရုံထိခိုက်မှုကို ပိုပြီးတော့ ကာကွယ်ပေးနိုင်မယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ Anti-flicker ဟာ မျက်နှာပြင်က အလင်းလှုပ်ရှားမှုကို လျော့ကျစေပြီး အလင်းရောင်တောက်ပမှုနည်းနေချိန်မှာ အမြင်အာရုံကြောင့် ညောင်းညာခြင်းကိုလည်း လျှော့ချပေးမယ်လို့ ဆိုပါတယ်။

Xiaomi ရဲ့ ဆော့ဖ်ဝဲဆိုင်ရာဌာနက ပြောဆိုချက်အရ DC dimming feature သစ်ဟာ Mi 9 ရဲ့ အချက်အလက်ထုတ်လွှတ်မှုကို မထိခိုက်စေဘဲ စွမ်းအင်သုံးစွဲမှု လျော့ကျစေတယ်လို့ သိရပါတယ်။ DC dimming Feature ဟာ LCD ရော OLED မျက်နှာပြင်တွေမှာပါ သုံးစွဲနိုင်တဲ့အပြင် အလင်းတောက်ပမှုကို သိသိသာသာ လျှော့ချနိုင်ပြီး မျက်လုံးထိခိုက်မှုကိုလည်း လျော့နည်းစေတာကြောင့် လူကြိုက်များနေတဲ့ Feature တစ်ခုလည်း ဖြစ်ပါတယ်။

Ref: GSMArena