Xiaomi 13 နဲ့ 13 Pro ကို နိုဝင်ဘာလမှာ ကြေညာတော့မယ်လို့ ထင်ပြီး အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားနေပါတယ်။ အခုတော့ နိုဝင်ဘာလ မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီဖုန်းတွေအတွက် MIUI 14 ကို စမ်းသပ်နေပြီလို့ သတင်းထွက်လာပါတယ်။

Xiaomi 13

MIUI 14 ဟာ Android 13 ကို အခြေပြု တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် Xiaomi 13 နဲ့ 13 Pro မှာ Android 13 OS ပါလာမှာပါ။ Xiaomi 13 Series အတွက် MIUI 14 Stable Version ကို လက်ရှိမှာ ဖန်တီးနေပြီ ဖြစ်ပါတယ်။ MIUI 14 မှာ ဒီဇိုင်း အပိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး ဘက်စုံကနေ သိသိသာသာ တိုးတက်လာမှာပါ။

First look at MIUI 14 based on Android 13: it would arrive sooner than expected - Tech Update

Xiaomi 13 Series မှာ အဆင့်မြင့် လုပ်ဆောင်ချက်တွေနဲ့ အစိတ်အပိုင်းတွေ ပါလာမှာပါ။ ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံအရ Xiaomi 13 Pro ရဲ့ မျက်နှာပြင် ဒီဇိုင်းဟာ Xiaomi 12 Series နဲ့ တူညီမှာဖြစ်ပြီး ကင်မရာ Specs တွေကို မသိရသေးပါဘူး။ မော်ဒယ် ၂ ခုစလုံးမှာ Punch Hole ၁ ခုထဲ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Xiaomi 13 Series မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားနိုင်ပြီး Qualcomm က နောက်ထွက်မယ့် Chip အကြောင်း ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် စွမ်းရည်မြင့်မားတဲ့ Chipset ဖြစ်မှာ သေချာပါတယ်။ Xiaomi ဟာ စမတ်ဖုန်းတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေကို ထည့်သွင်းပြီး ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို ထိုးဖောက်နေပါတယ်။ Xiaomi 13 Series ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina