Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က Apple ရဲ့ Foldable Device သတင်းအချက်အလက်တွေကို မျှဝေလာပါတယ်။ သူက ကုမ္ပဏီဟာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်မှာ Apple ဟာ Foldable Device ၂ လုံး ကြေညာမယ်လို့ ပြောပါတယ်။

More info about Apple's foldable hybrid device emerges - GSMArena.com news

မကြာခင်က ထွက်လာတဲ့သတင်းကလည်း Apple Foldable Device ကို ၂၀၂၅ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ကြေညာမယ်လို့ ပြောထားပါတယ်။ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး 20.25” နဲ့ 18.8” တို့ ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် 14-15” နဲ့ 13-14” အသီးသီးရှိကြမှာပါ။

Apple's foldable hybrid device will have these specifications

LG က အဲဒီ Foldable Display ကို အဓိက ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ခေါက်ချိုးရာ အလွန်နည်းပါးနိုင်ပါတယ်။ အဆင့်မြင့် Hinge တပ်ဆင်ထားနိုင်ပြီး Display ရဲ့ တန်ဖိုးဟာ ၆၀၀-၆၅၀ ဒေါ်လာနဲ့ Hinge ရဲ့ တန်ဖိုးဟာ ၂၀၀-၂၅၀ ဒေါ်လာ ရှိနိုင်ပါတယ်။ Amphenol ဟာ Apple ရဲ့ Hinge Supplier ဖြစ်လာမှာပါ။

Ming-Chi Kuo က အဲဒီ Foldable တွေရဲ့ ဈေးနှုန်းကိုလည်း တွက်ချက်ထားပါတယ်။ ၃,၄၉၉ ဒေါ်လာနဲ့ ရောင်းချထားတဲ့ Apple Vision Pro နဲ့ တူညီမှာ ဖြစ်တဲ့အတွက် ဈေးက မသေးပါဘူး။ Apple Foldable Device ရဲ့ ရောင်းအားက Vision Pro ထက် များပြားနိုင်ပါတယ်။

Ref : gsmarena