realme က MediaTek Helio G35 Chipset ပါတဲ့ ပထမဆုံး ဖုန်း အကြောင်းကို ပြီးခဲ့တဲ့ ၁ ပတ်က အသိပေးခဲ့ပါတယ်။ realme C11 လို့ နာမည်ပေးထားပြီး တရုတ်က Certification အရ 5,000mAh ဘက်ထရီ ထည့်ထားမှာပါ။ အခုတော့ Leakster Sudhanshu က အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

အဲဒီဖုန်းမှာ ၆.၅ လက်မ မျက်နှာပြင်နဲ့ အရွယ်သေး  Notch ထည့်ထားမှာဖြစ်ပြီး G35 Chipset , 2GB RAM နဲ့ 32GB Storage ပါလာမှာပါ။ Dual SIM Slot နဲ့ microSD Card Slot တွေ ထည့်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 13MP Main ကင်မရာ ၁ လုံးနဲ့အတူ နောက်ထပ် ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။ အပိုကင်မရာဟာ Depth Sensor ဖြစ်နိုင်ပြီး Super Nightscape Mode ထောက်ပံ့ထားမှာပါ။

Helio G35 ကို မကြေညာရသေးပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေအရ Cortex-A76 Core ၂ လုံး ပါလာမှာ ဖြစ်ပြီး realme C3 မှာ သုံးထားတဲ့ Helio G70 ရဲ့ A75 Core ၂ လုံးထက် ပိုကောင်းသွားမှာပါ။ GPU ကိုလည်း စွမ်းရည်သင့် Mali-G52 ကနေ စွမ်းရည်မြင့် G76 အထိ အဆင့်မြှင့်ထားမှာပါ။

C11 ကို အိန္ဒိယက realme Support Page မှာ ပြသထားဖူးတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ realme က ၂၅ ရက်နေ့မှာ realme X3 ကို ကြေညာမှာ ဖြစ်ပြီး C11 ကိုပါ မြင်ရနိုင်ပါတယ်။

Ref : gsmarena