Crescent Moon Games Developer ကနေ လွန်ခဲ့တဲ့ ၁ နှစ်ခွဲကျော်ခန့်က အာကာသထဲမှာ ဂြိုလ်အချင်းချင်း နှစ်သက်သလိုသွားလာနိုင်ပြီး ကိုယ့်စိတ်ကြိုက်ဆော့ကစားနိုင်တဲ့ Mobile Game တစ်ခုကို ကြေငြာခဲ့တာ ဖြစ်ပါတယ်။ အချိန် ၁ နှစ်ခွဲကျော်ကြပြီးတဲ့အချိန်မှာတော့ အခုနောက်ဆုံး iOS နဲ့ Android ဖုန်းတေါမှာ ဆော့ကစားနိုင်ပြီပဲဖြစ်ပါတယ်။

ဒီ Morphite ဂိမ်းမှာဆိုရင် လှပတဲ့ ဂိမ်းဂရပ်ဖစ်တွေကိုတွေ့မြင်ရမှာဖြစ်ပြီး အာကာသထဲက ဂြိုလ်ကြီး ၇ လုံးကို လျှောက်သွားပြီး Gems တွေကို လိုက်ပြီး ရှာဖွေရမှာဖြစ်ပါတယ်။ ဂြိုလ်တစ်ခုနဲ့တစ်ခုက ပြုလုပ်ထားပုံတူညီမှာမဟုတ်ပဲ တခါတရံ ရန်သူတွေကိုပါ ရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အခုဒီ Morphite ဂိမ်းကို ကစားချင်တယ်ဆိုရင်တော့ Apple iDevices တွေအတွက် App Store မှာ 8$ နဲ့ ဝယ်ယူရမှာဖြစ်ပြီး Android အတွက်ကတော့ Google Play Store မှာ အခမဲ့ Download ရယူနိုင်မှာဖြစ်ပါတယ်။ Android အတွက်က အခမဲ့ဆိုပေမယ့် ဂြိုလ်ကြီး ၂ လုံးမှာပဲ အခမဲ့ဆော့ကစားနိုင်မှာဖြစ်ပြီး အခြားသော ဂြိုလ်တွေမှာ ဆော့ကစားချင်ရင်တော့ ထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။

Morphite Game Trailer နဲ့ Google Play Store Download Link ကိုဖော်ပြပေးလိုက်ပါတယ်။

Download Link