Motorola က ဥရောပမှာ တန်ဖိုးနည်း Moto G ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ Moto G04 နဲ့ Moto G24 တို့ ဖြစ်ပြီး 6.6” IPS LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate ၊ Android 14 နဲ့ 5,000mAh Battery ပါလာပါတယ်။

Moto G04 and Moto G24 announced with 6.6" IPS LCDs and Android 14 - GSMArena.com news

Moto G04 မှာ Unisoc T606 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပါတယ်။ Moto G24 မှာ MediaTek Helio G85 မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

Moto G24 မှာ ပိုမို စွမ်းရည်မြင့်တဲ့ 50MP Main , 2MP Macro ကင်မရာနဲ့ G04 မှာ 16MP Main ကင်မရာ ၁ လုံးထဲ တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ အရှေ့ ကင်မရာအတွက် Punch Hole Cutout ထည့်သွင်းထားပြီး G24 မှာ 8MP နဲ့ G04 မှာ 5MP ကင်မရာ ပါပါတယ်။

Moto G04 and Moto G24 announced with 6.6" IPS LCDs and Android 14 - GSMArena.com news

ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု Motorola MyUX မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်နဲ့ IP52 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Moto G04 အတွက် Concord Black, Sea Green, Satin Blue နဲ့ Sunrise Orange အရောင်တွေ ထုတ်လုပ်ထားပြီး ၁၁၉ ယူရို သတ်မှတ်ထားပါတယ်။

Moto G24 အတွက် Matte Charcoal, Ice Green, Blueberry နဲ့ Pink Lavender အရောင်တွေ ထုတ်လုပ်ထားပြီး ၁၂၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena