Motorola က အိန္ဒိယမှာ Moto G64 5G ကို ကြေညာလိုက်ပြီး Dimensity 7025 Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ အဲဒီ Chip ဟာ Dimensity 7020 ရဲ့ Overclocked Version ဖြစ်ပါတယ်။ G64 ဟာ ပေးရတဲ့ ဈေးထက် တန်တဲ့ ဖုန်း ဖြစ်ပြီး တန်ဖိုးနည်း 5G ဖုန်း ကိုင်ချင်သူတွေအတွက် သင့်တော်ပါတယ်။

Moto G64 5G

Moto G64 မှာ 6.5” IPS LCD FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Gorilla Glass နဲ့ ကာကွယ်ထားပြီး IP52 ရေစိုခံစံနှုန်း ပါပါတယ်။

Dimensity 7025 Chip မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ အရွယ်ကြီး 6,000mAh Battery ပါလာပြီး 33W Fast Charging ထောက်ပံ့ထားပါတယ်။

Moto G64 5G

အနောက်ဘက်မှာ 50MP (OIS) နဲ့ Macro ကင်မရာလို သုံးနိုင်တဲ့ 8MP Ultrawide ကင်မရာ ၂ လုံးပါလာပြီး အရှေ့ဘက်က Punch Hole မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

Android 14 အခြေပြု MyUX Skin ပါလာပြီး Ice Lilac, Pearl Blue နဲ့ Mint Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၁၄,၉၉၉ ရူပီးနဲ့ 12/256GB ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gizmochina