Motorola က တရုတ်မှာ X50 Ultra ကို ကြေညာလိုက်ပြီး နိုင်ငံတကာမှာ Edge 50 Ultra အမည်နဲ့ ကြေညာနိုင်ပါတယ်။

Moto X50 Ultra

X50 Ultra မှာ 6.7” OLED 2712x1220p Display ပါလာပြီး 144Hz Refresh Rate, 2500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ တော်တော်မာကျောပြီး IP68 စံနှုန်းပါပါတယ်။ အလူမီနီယမ် ဖရိမ် တပ်ဆင်ထားပြီး Display ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။

Moto X50 Ultra

Snapdragon 8s Gen 3 SoC မောင်းနှင်ထားပြီး LPDDR5X RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု Operating System မောင်းနှင်ထားပါတယ်။

Moto X50 Ultra

အနောက်ဘက်မှာ OIS ပါတဲ့ 50MP Main , 50MP Ultrawide , 64MP Telephoto (3x Zoom) နဲ့ အရှေ့ဘက်မှာ 50MP ကင်မရာ ပါပါတယ်။ 125W TurboPower Fast Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 4,500mAh Battery ထည့်သွင်းထားပါတယ်။

12/256GB ကို ၅၅၃ ဒေါ်လာ၊ 12/512GB ကို ၅၉၅ ဒေါ်လာနဲ့ 16GB/1TB ကို ၆၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး တရုတ်မှာ မေလ ၂၄ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina