[Zawgyi]

Motorola က OnePlus ထက္ေစာၿပီး အိႏၵိယမွာ Android TV ေတြကို ေၾကညာလိုက္ပါတယ္။ TV ေတြမွာ IPS Panel ေတြ ထည့္သြင္းထားတဲ့ အတြက္ Viewing Angles က က်ယ္ျပန္႔ပါတယ္။ HDR10 Support ပါတဲ့ အတြက္ Brightness က ျမင့္မားပါတယ္။ Android 9 TV OS ေမာင္းႏွင္ထားပါတယ္။

၃၂ လက္မကေန ၆၅ လက္မအထိ ေမာ္ဒယ္ ၆ မ်ိဳး ထုတ္လုပ္ေပးထားၿပီး Resolution နည္းပါးတဲ့ ေမာ္ဒယ္ေတြကေန အရြယ္ႀကီး  UHD  ေမာ္ဒယ္ေတြအထိ ေရြးခ်ယ္ႏိုင္ပါတယ္။ ေမာ္ဒယ္အားလံုးမွာ IPS Panel ေတြ ထည့္သြင္းထားတာ ျဖစ္ၿပီး HDR Support ပါပါတယ္။ Chipset ကိုေတာ့ ကုမၸဏီက မေျပာေသးပါဘူး။ ဒါေပမယ့္ 1.1 GHz Quad-core SoC ျဖစ္ၿပီး 2.25GB RAM နဲ႔ 16GB Storage ပါပါတယ္။ Mali GPU ပါေပမယ့္ ေမာ္ဒယ္ကို မသိရေသးပါဘူး။

30W Front-facing Speakers ၁ စံု ထည့္သြင္းထားပါတယ္။ ဂိမ္းကစားဖို႔အတြက္ Xbox 360-style Bluetooth Controller ပါပါတယ္။ အဲဒီ TV ေတြကို အိႏၵိယမွာ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ အရြယ္အစားနဲ႔ Specs ေတြေပၚမူတည္ၿပီး ရူပီး ၁၃,၉၉၉ ကေန ၆၄,၉၉၉ အတြင္း တန္ေၾကးရွိပါတယ္။ ျမန္မာေငြ ၂၉၀,၀၀၀ ကေန ၁,၃၈၀,၀၀၀ ေလာက္အထိ ရွိပါတယ္။ ကုမၸဏီရဲ႕ “Big Billion Days” Event အတြက္ ဒီလ ၂၉ ရက္ေန႔မွာ Flipkart ကေန ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

OnePlus ကလည္း အိႏၵိယမွာ စြမ္းရည္ျမင့္မားၿပီး ေစ်းသက္သာတဲ့ Android TV ကို ထုတ္လုပ္ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ TV ေစ်းကြက္ကို နည္းပညာ ကုမၸဏီေတြ မ်က္စိက်ေနၾကပါတယ္။ Redmi ကလည္း မၾကာခင္က သူ႔ရဲ႕ ပထမဆံုး TV ကို ေၾကညာခဲ့ပါတယ္။

Ref : androidpolice

[Unicode]

Motorola က အိန္ဒိယမှာ Android TV တွေကို ကြေညာ

Motorola က OnePlus ထက်စောပြီး အိန္ဒိယမှာ Android TV တွေကို ကြေညာလိုက်ပါတယ်။ TV တွေမှာ IPS Panel တွေ ထည့်သွင်းထားတဲ့ အတွက် Viewing Angles က ကျယ်ပြန့်ပါတယ်။ HDR10 Support ပါတဲ့ အတွက် Brightness က မြင့်မားပါတယ်။ Android 9 TV OS မောင်းနှင်ထားပါတယ်။

၃၂ လက်မကနေ ၆၅ လက်မအထိ မော်ဒယ် ၆ မျိုး ထုတ်လုပ်ပေးထားပြီး Resolution နည်းပါးတဲ့ မော်ဒယ်တွေကနေ အရွယ်ကြီး UHD မော်ဒယ်တွေအထိ ရွေးချယ်နိုင်ပါတယ်။ မော်ဒယ်အားလုံးမှာ IPS Panel တွေ ထည့်သွင်းထားတာ ဖြစ်ပြီး HDR Support ပါပါတယ်။ Chipset ကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။ ဒါပေမယ့် 1.1 GHz Quad-core SoC ဖြစ်ပြီး 2.25GB RAM နဲ့ 16GB Storage ပါပါတယ်။ Mali GPU ပါပေမယ့် မော်ဒယ်ကို မသိရသေးပါဘူး။

30W Front-facing Speakers ၁ စုံ ထည့်သွင်းထားပါတယ်။ ဂိမ်းကစားဖို့အတွက် Xbox 360-style Bluetooth Controller ပါပါတယ်။ အဲဒီ TV တွေကို အိန္ဒိယမှာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အရွယ်အစားနဲ့ Specs တွေပေါ်မူတည်ပြီး ရူပီး ၁၃,၉၉၉ ကနေ ၆၄,၉၉၉ အတွင်း တန်ကြေးရှိပါတယ်။ မြန်မာငွေ ၂၉၀,၀၀၀ ကနေ ၁,၃၈၀,၀၀၀ လောက်အထိ ရှိပါတယ်။ ကုမ္ပဏီရဲ့ “Big Billion Days” Event အတွက် ဒီလ ၂၉ ရက်နေ့မှာ Flipkart ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

OnePlus ကလည်း အိန္ဒိယမှာ စွမ်းရည်မြင့်မားပြီး ဈေးသက်သာတဲ့ Android TV ကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ TV ဈေးကွက်ကို နည်းပညာ ကုမ္ပဏီတွေ မျက်စိကျနေကြပါတယ်။ Redmi ကလည်း မကြာခင်က သူ့ရဲ့ ပထမဆုံး TV ကို ကြေညာခဲ့ပါတယ်။

Ref : androidpolice