Motorola က အိန္ဒိယမှာ Edge 50 Pro ကို ကြေညာလိုက်ပြီး Snapdragon 7 Gen 3 Chipset ၊ 1220p  AMOLED မျက်နှာပြင်၊ 144Hz Refresh Rate တွေ ထည့်သွင်းထားပါတယ်။

Edge 50 Pro မှာ 6.7” pOLED 1220p Resolution မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ကို ထောက်ပံ့ထားပါတယ်။ 2,000 Nits Peak Brightness ပါလာပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။

အရှေ့ဘက်မှာ 50MP ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main  (OIS), 10MP Telephoto (3x Optical Zoom), 13MP Ultrawide ကင်မရာတွေ ထည့်သွင်းထားပါတယ်။ Edge 50 Pro ဟာ AI Photo Enhancement Engine ပါတဲ့ Motorola ရဲ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။

Android  14 အခြေပြု Motorola Hello UI Interface မောင်းနှင်ထားပြီး Wallpaper အတွက် Generative AI ပါလာပါတယ်။ 125W Wired Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 4,500mAh Battery ထည့်သွင်းထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။

Black နဲ့ Lavender အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB  ကို ၃၈၃ ဒေါ်လာ နဲ့ 12/256GB ကို ၄၃၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ဒီလ ၉ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena