Motorola Moto G54 ကို ကြေညာလိုက်ပြီ ဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယမှာ ရောင်းချပေးမှာပါ။ အဲဒီ ၂ နိုင်ငံအတွက် ရောင်းချတဲ့ မော်ဒယ်တွေက အနည်းငယ်ကွဲပြားပါတယ်။

The Motorola G54 launches in China and India

အဓိက အစိတ်အပိုင်းတွေက တူညီကြပြီး Dimensity 7020 Chipset နဲ့ 8GB RAM , 128GB Storage ထည့်သွင်းထားပါတယ်။ 6.5” 1080x2400p IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main ကင်မရာနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

တရုတ်က မော်ဒယ်မှာ 5,000mAh Battery နဲ့ 15W Charging ပါလာပြီး အထူက ၈.၀၄ မီလီမီတာနဲ့ အလေးချိန်က ၁၇၉.၇ ဂရမ် ရှိပါတယ်။ အနောက်ဘက် ကိုယ်ထည်ဟာလည်း ကွဲပြားပြီး တရုတ်က မော်ဒယ်မှာ Blue, Green နဲ့ Magenta အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ ၁,၀၉၉ ယွမ် သတ်မှတ်ထားပါတယ်။

The Motorola G54 launches in China and India

အိန္ဒိယက မော်ဒယ်မှာ 6,000mAh Battery တပ်ဆင်ထားပြီး ပိုမြင့်တဲ့ 12/256GB Configuration ထည့်သွင်းထားပါတယ်။ Dimensity 7020 Chipset မောင်းနှင်ထားပြီး အထူက ၈.၈၉ မီလီမီတာနဲ့ အလေးချိန်က ၁၉၂ ဂရမ် ရှိပါတယ်။ Mint Green , Midnight Blue နဲ့ Pearl Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။အိန္ဒိယ မော်ဒယ်မှာ ပိုကောင်းတဲ့ 50MP Main နဲ့ 8MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Motorola က Moto G54 မှာ Android 14 နဲ့ ၃ နှစ်ကြာ Security Update ရမယ်လို့ ပြောပါတယ်။ Moto G54 ကို စက်တင်ဘာလ ၆ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : gsmarena