Motorola က ပြီးခဲ့တဲ့ တစ်ပတ်မှာ Moto G24 ကို ကြေညာခဲ့ပြီး အခုတော့ Power Version ကို မိတ်ဆက်လိုက်ပါတယ်။ Power Version ဟာ Moto G24 ကို အခြေခံထားတာ ဖြစ်ပြီး ပိုကြီးတဲ့ Battery ၊ ပိုမြန်တဲ့ အားသွင်းနှုန်းနဲ့ Resolution ပိုမြင့်တဲ့ ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။

Motorola Moto G24 Power arrives with Helio G85, 50MP camera, and 6,000 mAh battery

Motorola Moto G24 မှာ 5,000mAh Battery ၊ 15W Charging နဲ့ 8MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ Moto G24 Power မှာ 6,000mAh Battery ၊ 30W Charging နဲ့ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

ကျန်တဲ့ Specs တွေက ဖုန်း ၂ လုံးမှာ တူညီကြပြီး Moto G24 Power မှာ Helio G85 SoC ၊ 6.56” 90Hz HD+ LCD မျက်နှာပြင်နဲ့ 50MP Main+2MP Macro အနောက်ကင်မရာ ၂ လုံး ပါပါတယ်။ Android 14 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်၊ USB-C ၊ စတီရီယို စပီကာနဲ့ Dolby Atmos ထည့်သွင်းထားပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။

Motorola Moto G24 Power arrives with Helio G85, 50MP camera, and 6,000 mAh battery

Motorola Moto G24 Power အတွက် Glacier Blue နဲ့ Ink Blue အရောင်တွေ ထုတ်လုပ်ထားပြီး 4GB/128GB နဲ့ 8GB/128GB ကို ၁၁၀ ဒေါ်လာနဲ့ ၁၂၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ Motorola ရဲ့ တရားဝင် ဝက်ဘ်ဆိုက်၊ Flipkart နဲ့ တခြားနာမည်ကြီး စတိုးတွေကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရောင်းချမှာပါ။

Ref : gsmarena