Motorola က Dimensity 7025 SoC ပါတဲ့ ပထမဆုံးဖုန်း Moto G64 5G ကို ကြေညာလိုက်ပါတယ်။ 8/128GB နဲ့ 12/256GB ထုတ်လုပ်ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု My UX မောင်းနှင်ထားပါတယ်။

Motorola Moto G64 5G unveiled as the first Dimensity 7025-powered smartphone

6.5” FullHD+ 120Hz LCD Display တပ်ဆင်ထားပြီး Gorilla Glass နဲ့ကာကွယ်ထားပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ပါပါတယ်။

Motorola unveiled Moto G64 5G: the first smartphone on the market with MediaTek Dimensity 7025 chip | Gagadget.com

30W Charging ထောက်ပံ့တဲ့ 6,000mAh Battery ထည့်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ၊ IP52 Rating ၊ USB-C နဲ့ NFC ပါပါတယ်။ နားကြပ်ပေါက်၊ စတီရီယို စပီကာ၊ Dolby Atmos နဲ့ Moto Spatial Sound ထောက်ပံ့ထားပါတယ်။

Motorola Moto G64 5G ရဲ့ အထူက ၈.၈၉ မီလီမီတာနဲ့ အလေးချိန်က ၁၉၂ ဂရမ် ဖြစ်ပါတယ်။ Mint Green , Pearl Blue နဲ့ Ice Lilac အရောင်တွေ ထုတ်လုပ်ထားပြီး ကုမ္ပဏီက ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena