Samsung ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold3 နဲ့ Z Flip3 ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး Samsung ကနေ ဖုန်းအသစ်တွေမိတ်ဆက်နေတဲ့အချိန်မှာ Motorola ကနေလည်း Foldable ဖုန်းနဲ့ ပတ်သက်ပြီး Update တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Razr 4G စမတ်ဖုန်းအတွက် Android 11 Stable Update ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်ဟာ Google ကနေ Pixel ဖုန်းတွေအတွက် Android 12 Beta ထုတ်ပေးနေမှုဟာ ပြီးဆုံးတော့မှာဖြစ်သလို Android 12 Stable Update တောင် ထွက်ရှိဖို့နီးကပ်နေပြီဖြစ်တာကြောင့် Motorola အနေနဲ့ တော်တော်လေးကို Software Update အပိုင်းမှာ အားနည်းနေတာဖြစ်ပါတယ်။

Motorola Razr 4G 2019 ဟာ စတင်ထွက်ရှိတဲ့အချိန်တုန်းက Android 9 Pie နဲ့ပဲ ထွက်ရှိခဲ့တာဖြစ်ပြီး Software ပိုင်းမှာ Error တွေအများအပြားရှိနေတယ်ဆိုပြီး ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Android 10 ကို Update ပြုလုပ်ပေးခဲ့ပြီး Software ပိုင်းပြဿနာအချို့ကို ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

Motorola ကနေ ထုတ်ပေးလိုက်တဲ့ Android 11 Update ဟာ US Carrier ဖြစ်တဲ့ Verizon ကနေ ရောင်းချထားတဲ့ Razr ဖုန်းတွေအတွက်ပဲ ရရှိလာမှာဖြစ်ပါတယ်။ Firmware Number အနေနဲ့ RPV31.Q2-62-7-10 ဖြစ်တယ်လို့ သိရပြီး July 2021 Security Patch လည်းပါဝင်လာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Motorola ဟာ 2nd Generation Foldable ဖုန်းဖြစ်တဲ့ Razr 5G ဖုန်းကို ပြီးခဲ့တဲ့ ဧပြီလတုန်းက Android 11 Update ပေးခဲ့တာဖြစ်ပြီး အခု Razr 4G ကို လပိုင်းအတွင်းမှာ Update ထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ Android 11 Update ဖြစ်တာကြောင့် Conversation နဲ့ Chat Bubble Feature တွေ၊ Media Control အသစ်တွေအပြင် One-Time Permission ၊ Location Privacy လိုမျိုး Feature အသစ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena