Developer တွေက စွမ်းရည်နိမ့် ဖုန်းတွေမှာ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်တဲ့ Lite Version App တွေကို ဖန်တီးပေးထားကြပါတယ်။ ဒါပေမယ့် အဲဒီ Lite App တွေဟာလည်း နှစ်အနည်းငယ်ကြာလာတဲ့အခါ Update တွေကြောင့် လေးလံလာပြန်ပါတယ်။ Mozilla က Firefox Lite ကို ဖန်တီးပေးထားပေမယ့် ဇွန်လ ၃၀ ရက်နေ့မှာ အဆုံးသတ်လိုက်ပါပြီ။

Firefox Lite - Apps on Google Play

Firefox Lite ဟာ အစပိုင်းမှာ Firefox Rocket နာမည်နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ဖုန်းအဟောင်းတွေမှာ မြန်မြန်ဆန်ဆန် အလုပ်လုပ်အောင်နဲ့ ဒေတာ စားသုံးမှု သက်သာအောင် ဒီဇိုင်းထုတ်ထားပြီး ၂၀၁၇ ခုနှစ်မှာ စတင် ထွက်ရှိခဲ့တာပါ။ တစ်နှစ်ကြာပြီးနောက်မှာ Mozilla က Firefox Lite နာမည်ပြောင်းခဲ့ပါတယ်။

Mozilla in Asia – Medium

ဒါပေမယ့် ၂၀၂၀ အရောက်မှာ Mozilla ရဲ့ Firefox Lite ဟာ လေးလံလာပါတယ်။ Notification နဲ့ New Tab Page မှာ ကြော်ငြာတွေ ထည့်သွင်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Travel လုပ်ဆောင်ချက်အသစ်တစ်ခု ပါလာပြီး အဲဒီလို လုပ်ဆောင်ချက်အသစ်တွေကြောင့် လေးလံလာတာပါ။

Mozilla က ပင်မ Firefox App ဟာ Lite Version လို လျှင်မြန်လာတဲ့အတွက် Lite Version ကို အဆုံးသတ်လိုက်တာလို့ ကြေညာပါတယ်။ Lite Version ကို ဆက်သုံးလို့ရပေမယ့် Update တွေ မရတော့သလို Play Store ကနေ ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။ Firefox Lite ကို လက်ရှိအချိန်အထိ Download ပြုလုပ်သူ ၅ သန်းရှိပါတယ်။ အခုတော့ Rest In Piece လို့ပဲ နှုတ်ဆက်လိုက်ပါတယ်။

Ref : androidpolice