ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး YouTuber MrBeast က Beast Games ပြိုင်ပွဲအတွက် ဒေါ်လာ ၁၄ သန်းတန် မြို့တစ်မြို့ကို တည်ဆောက်လိုက်ပါတယ်။
MrBeast က “ Beast Games မှာ ပြိုင်ပွဲဝင်တွေအတွက် ဒေါ်လာ ၁၄ သန်းတန် မြို့ကို တည်ဆောက်လိုက်ပါတယ်။ “ လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူက အဲဒီမြို့ရဲ့ ဓါတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။ MrBeast ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အဲဒီဂိမ်းပြိုင်ပွဲအတွက် ကြိုးစားနေခဲ့တာ ဖြစ်ပြီး အဲဒီပြိုင်ပွဲအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် သုံးစွဲမယ်လို့ ပြောထားပါတယ်။
Beast Games ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ Amazon Prime Video မှာ ပြသနေပြီ ဖြစ်ပါတယ်။ Amazon က အဲဒီပြိုင်ပွဲကို ကမ္ဘာ့ အကြီးမားဆုံး Live Game Show လို့ ကြေညာထားပြီး ကမ္ဘာ့ သမိုင်းမှာ အများဆုံး ဆုကြေးဖြစ်တဲ့ ဒေါ်လာ ၅ သန်းပေးမှာ ဖြစ်ပါတယ်။ MrBeast ဟာ X မှာ အဲဒီပြိုင်ပွဲအတွက် ပရိုမိုးရှင်းပြုလုပ်နေပြီး ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုပေးနေပါတယ်။
Beast Games အတွက် Teaser ကို မကြာခင်က ပြသခဲ့ပြီး ပြိုင်ပွဲဝင် ၁,၀၀၀ ပါဝင်တာကို မြင်ရပါတယ်။ ဒေါ်လာ ၅ သန်း ဆုကြေးငွေကိုလည်း ပြသထားပါတယ်။
Ref : msn