Mobile World Congress (MWC) 2024 ကို ဒီလနှောင်းပိုင်းမှာ စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပတော့မှာပါ။ အဲဒီနည်းပညာ ပြပွဲကို ဒီလ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာပါ။ အရင်က Xiaomi ဟာ အဲဒီပွဲမှာ ပါဝင်ပြသမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ CEO Lei Jun က MWC မှာ ကြေညာမယ့် ထုတ်ကုန်တွေကို အရိပ်အမြွက် ပြောပြလာပါတယ်။

Lei Jun မျှဝေထားတဲ့ Teaser မှာ နိုင်ငံတကာ အတွက် ထုတ်ကုန်တွေကို ကြေညာမယ်လို့ သတင်းပေးထားပါတယ်။ Teaser မှာ MWC မှာ ကြေညာမယ့် ထုတ်ကုန် အမည်တွေကို မပြောထားပါဘူး။ ဒါပေမယ့် ‘Human x Car x Home’ Smart Ecosystem လို့ ဖော်ပြထားတဲ့အတွက် အဲဒီထုတ်ကုန် ကဏ္ဍတွေထဲက ကြေညာနိုင်ပါတယ်။

Xiaomi announces smart ecosystem event at MWC 2024, could unveil Xiaomi 14 globally

Teaser မှာ Lego ဘလောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန် ၅ ခုကို ဖော်ပြထားပါတယ်။ အဲဒါတွေထဲမှာ စမတ်ဖုန်း၊ ကား၊ တက်ဘလက်၊ စမတ်နာရီနဲ့ ဖုန်စုပ်စက်တွေ ပါဝင်ပါတယ်။ Xiaomi 14  Series ကို ဒီလ ၂၅ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။ ကားကတော့ ဒီဇင်ဘာလမှာ ကြေညာခဲ့တဲ့ Xiaomi SUV 7 ကလွဲလို့ တခြား မဖြစ်နိုင်ပါဘူး။ စမတ်နာရီကတော့ Xiaomi Watch 2 ဖြစ်နိုင်ပါတယ်။

တက်ဘလက်နဲ့ ဖုန်စုပ်စက်တွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ တက်ဘလက်ဟာ Xiaomi Pad 6 Series ထဲက ၁ လုံး ဖြစ်နိုင်ပါတယ်။ Xiaomi Pad 6 ကိုတော့ ဥရောပနဲ့ တခြား နိုင်ငံတွေမှာ ရောင်းချထားပြီးပြီ ဖြစ်တဲ့အတွက် Pro သို့မဟုတ် Max ကို ကြေညာနိုင်ပါတယ်။

Ref : gizmochina