[Zawgyi]

ျမန္မာႏုိင္ငံရဲ႕ ေခတ္မီဆန္းသစ္ဆံုး နဲ႔ ဂရုအစိုက္ဆံုး ဆက္သြယ္ေရးေအာ္ပေရတာ Mytel အေနနဲ႔ သံုးစြဲသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ႀကိဳးပမ္းေနၿပီး လူထုအက်ဳိးျပဳလုပ္ငန္းေတြမွာလည္း တတ္အားသေရြ႕ ပါဝင္ကူညီလ်က္ရွိရာ ေမလ ၂၉ ရက္ေန႔၊ ၂၀၁၉ ခုႏွစ္မွာ Mytel ဝန္ထမ္းမ်ားစုေပါင္းၿပီး အမ်ဳိးသားေသြးဌာန National Blood Center မွာ ေသြးလွဴဒါန္းျခင္း ျပဳလုပ္ခဲ့ၾကပါတယ္။

အဆိုပါလွဴဒါန္းမႈကို Mytel ရဲ႕ CEO Mr. Nguyen The Nghia ဦးေဆာင္ၿပီး ဝန္ထမ္းအေယာက္ ၇၀ တို႔က တစ္ဦးလွ်င္ ေသြး ၄၅၀ မီလီမီတာခန္႔နဲ႔ စုစုေပါင္း ၃၁.၅ လီတာခန္႔ လွဴဒါန္းခဲ့ၾကပါတယ္။ ေသြးတစ္ယူနစ္လွ်င္ လူ႔အသက္ ၃ ေခ်ာင္းကယ္တင္ႏိုင္တဲ့အတြက္ Mytel ဝန္ထမ္းမ်ားရဲ႕ စုေပါင္းေသြးလွဴဒါန္းျခင္းမွ လူ႔အသက္ ၂၁၀ ခန္႔ ကယ္တင္ႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ လူ႔အသက္တစ္ေခ်ာင္း ကယ္တင္ရာမွာ အေရးတႀကီးလိုအပ္တဲ့ ေသြးလွဴဒါန္းျခင္းကို Mytel ဝန္ထမ္းမ်ားက စိတ္အားတက္ၾကြၿပီး တက္ညီလက္ညီ ပါဝင္လုပ္ေဆာင္ခဲ့တာဟာ ၾကည္ႏူးစရာျမင္ကြင္းလည္း ျဖစ္ပါတယ္။

Mytel အေနနဲ႔ ျမန္မာႏိုင္ငံေစ်းကြက္တြင္း စတင္ဝင္ေရာက္လာကတည္းက လူထုအက်ဳိးျပဳလုပ္ငန္းေတြမွာ ထဲထဲဝင္ဝင္ ပါဝင္ေဆာင္ရြက္ခဲ့ၿပီး ပညာေရးက႑၊ ယဥ္ေက်းမႈ နဲ႔ ဘာသာသာသနာအတြက္ ေထာက္ပံ့ကူညီျခင္း၊ သဘာဝေဘးအႏၱရာယ္ ႀကံဳေတြ႔လာတဲ့အခါ ေဘးဒုကၡခံစားၾကရတဲ့ ျပည္သူျပည္သားမ်ားအတြက္လည္း အားသြန္ခြန္စိုက္ ကူညီေဆာင္ရြက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ယခင္က လူထုအက်ဳိးျပဳလုပ္ငန္းေတြထဲက ပညာေရးက႑ကို အေထာက္အပံ့ေပးႏိုင္ဖို႔ မန္မာႏိုင္ငံရွိေက်ာင္းေတြမွာ အင္တာနက္ အခမဲ့တပ္ဆင္ေပးၿပီး ကြန္ျပဴတာနဲ႔ဆက္စပ္ပစၥည္းမ်ား ေထာက္ပံ့ေပးျခင္း၊ သဘာ၀ေဘးအႏၱရာယ္ဒဏ္ ခံစားေနရတဲ့ ျပည္သူမ်ားအတြက္ ရည္ရြယ္ၿပီး ေ၀လုေက်ာ္ေဖာင္ေဒးရွင္းကို လွဴဒါန္းေပးျခင္းတို႔ကိုလည္း ျပဳလုပ္ ေဆာင္ရြက္ခဲ့ပါတယ္။ Mytel အေနနဲ႔ လူထုအက်ဳိးျပဳက႑ေတြမွာသာမက ျမန္မာႏိုင္ငံကို ဒစ္ဂ်စ္တယ္ႏိုင္ငံအျဖစ္ ေဖာ္ေဆာင္ေျပာင္းလဲသြားႏိုင္ဖို႔ ဝန္ေဆာင္မႈပိုင္းနဲ႔ နည္းပညာပိုင္းေတြမွာလည္း အဆင့္ျမွင့္တင္ကာ လုပ္ကိုင္ေဆာင္ရြက္လ်က္ရွိပါတယ္။

[Unicode]

လူထုအကျိုးပြုလုပ်ငန်းများကို တတ်အားသရွေ့ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဆက်သွယ်ရေးအော်ပရေ Mytel ရဲ့ ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ်

မြန်မာနိုင်ငံရဲ့ ခေတ်မီဆန်းသစ်ဆုံး နဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေပြီး လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း တတ်အားသရွေ့ ပါဝင်ကူညီလျက်ရှိရာ မေလ ၂၉ ရက်နေ့၊ ၂၀၁၉ ခုနှစ်မှာ Mytel ဝန်ထမ်းများစုပေါင်းပြီး အမျိုးသားသွေးဌာန National Blood Center မှာ သွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါလှူဒါန်းမှုကို Mytel ရဲ့ CEO Mr. Nguyen The Nghia ဦးဆောင်ပြီး ဝန်ထမ်းအယောက် ၇၀ တို့က တစ်ဦးလျှင် သွေး ၄၅၀ မီလီမီတာခန့်နဲ့ စုစုပေါင်း ၃၁.၅ လီတာခန့် လှူဒါန်းခဲ့ကြပါတယ်။ သွေးတစ်ယူနစ်လျှင် လူ့အသက် ၃ ချောင်းကယ်တင်နိုင်တဲ့အတွက် Mytel ဝန်ထမ်းများရဲ့ စုပေါင်းသွေးလှူဒါန်းခြင်းမှ လူ့အသက် ၂၁၀ ခန့် ကယ်တင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူ့အသက်တစ်ချောင်း ကယ်တင်ရာမှာ အရေးတကြီးလိုအပ်တဲ့ သွေးလှူဒါန်းခြင်းကို Mytel ဝန်ထမ်းများက စိတ်အားတက်ကြွပြီး တက်ညီလက်ညီ ပါဝင်လုပ်ဆောင်ခဲ့တာဟာ ကြည်နူးစရာမြင်ကွင်းလည်း ဖြစ်ပါတယ်။

Mytel အနေနဲ့ မြန်မာနိုင်ငံဈေးကွက်တွင်း စတင်ဝင်ရောက်လာကတည်းက လူထုအကျိုးပြုလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှု နဲ့ ဘာသာသာသနာအတွက် ထောက်ပံ့ကူညီခြင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာတဲ့အခါ ဘေးဒုက္ခခံစားကြရတဲ့ ပြည်သူပြည်သားများအတွက်လည်း အားသွန်ခွန်စိုက် ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယခင်က လူထုအကျိုးပြုလုပ်ငန်းတွေထဲက ပညာရေးကဏ္ဍကို အထောက်အပံ့ပေးနိုင်ဖို့ မန်မာနိုင်ငံရှိကျောင်းတွေမှာ အင်တာနက် အခမဲ့တပ်ဆင်ပေးပြီး ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဒဏ် ခံစားနေရတဲ့ ပြည်သူများအတွက် ရည်ရွယ်ပြီး ဝေလုကျော်ဖောင်ဒေးရှင်းကို လှူဒါန်းပေးခြင်းတို့ကိုလည်း ပြုလုပ် ဆောင်ရွက်ခဲ့ပါတယ်။ Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။