[Zawgyi]

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ KANTAR ၏ မၾကာေသးမီကျပဳလုပ္ခဲ့ေသာ ေလ့လာခ်က္မ်ားအရ ေဈးကြက္တြင္းရွိဆက္သြယ္ေရးေအာ္ပေရတာ ၄ ခုအနက္ သုံးစြဲသူမ်ား၏စိတ္ေက်နပ္မႈအရရွိဆုံး ကုမၸဏီအျဖစ္ သတ္မွတ္ျခင္းခံရသည္။ လြန္ခဲ့ေသာတစ္ႏွစ္နီးပါးခန႔္က တရားဝင္မိတ္ဆက္ပြဲတြင္ Mytel မွ D-A-T-A ၏ အဓိပၸာယ္အား ဒစ္ဂ်စ္တယ္ ႏွင့္ ဝန္ေဆာင္မႈသစ္မ်ား၊ ေခတ္မီဆန္းသစ္ေသာနည္းပညာ၊ ယုံၾကည္စိတ္ခ်ရမႈႏွင့္ ေဈးႏႈန္းသက္သာၿပီး အမ်ိဳးအစားစုံလင္မႈဟုဖြင့္ဆိုခဲ့ၿပီး သုံးစြဲသူမ်ား၏ စိတ္ႀကိဳက္ေအာ္ပေရတာတစ္ခုျဖစ္လာရန္ ရည္႐ြယ္သည့္ Mytel သည္ အဆိုပါအခ်က္မ်ား၏ အေရးပါပုံကိုလည္း ရွင္းလင္းေျပာၾကားခဲ့သည္။ ထို႔ေၾကာင့္ D-A-T-A သည္ နည္းပညာထြန္းကားေသာေခတ္တြင္ Mytel မွ သုံးစြဲသူမ်ားကို ေပးအပ္သြားမည့္ ဝန္ေဆာင္မႈတန္ဖိုးမ်ား၏ ရည္ၫြန္းမႈအတိုေကာက္ပင္ျဖစ္သည္။

Mytel အေနျဖင့္ တီထြင္ဆန္းသစ္မႈမ်ား ပိုမိုဖြံ႕ၿဖိဳးလာေစရန္ တိုးျမႇင့္လုပ္ေဆာင္႐ုံသာမက ဒစ္ဂ်စ္တယ္အသြင္ ကူးေျပာင္းေရးအတြက္လည္း နည္းဗ်ဴဟာမ်ား ဖန္တီးသြားမည္ျဖစ္ၿပီး သုံးစြဲသူမ်ားကို အေတြ႕အႀကဳံေကာင္းမ်ား ေပးစြမ္းသြားႏိုင္ရန္ လုပ္ေဆာင္လ်က္ရွိသည္။ Mytel မွ ကြန္ရက္အေျခခံအေဆာက္အဦးမ်ား ပိုမိုခိုင္ခံ့ ေကာင္းမြန္လာေစရန္ ရင္းႏွီးျမဳပ္ႏွံလ်က္ရွိၿပီး ၿမိဳ႕နယ္ေပါင္း ၃၃၀ နီးပါးတြင္ လႊမ္းၿခဳံထားေသာ ၎၏ ဦးေဆာင္ 4G ကြန္ရက္ေၾကာင့္ ႏိုင္ငံတြင္း ဆက္သြယ္ခ်ိတ္ဆက္မႈမွာ ပိုမိုလြယ္ကူျမန္ဆန္လာခဲ့သည္။ Mytel သည္ ေခတ္မီေသာ လူမႈအသိုင္းအဝိုင္းတစ္ခုျဖစ္လာရန္ အေထာက္အကူျပဳေသာ ဒစ္ဂ်စ္တယ္ေျဖရွင္းခ်က္ဝန္ေဆာင္မႈမ်ားျဖစ္သည့္ Smart Telecommunication Solutions၊ Smart City Solutions၊ Network Security Solutions စသည္တို႔ကိုလည္း ပံ့ပိုးေပးသြားမည္ျဖစ္သည္။ ဒစ္ဂ်စ္တယ္ ႏွင့္ ဝန္ေဆာင္မႈအသစ္မ်ားကို ယူေဆာင္လာေပးရန္ ရည္႐ြယ္ထားေသာေၾကာင့္ Mytel မွ က်ယ္ျပန႔္ျပည့္စုံေသာ ဒစ္ဂ်စ္တယ္ေဂဟစနစ္ဝန္ေဆာင္မႈမ်ားျဖစ္ေသာ IT မွအစ အေၾကာင္းအရာစုံစုံလင္လင္ကို ေပးစြမ္းၿပီး သုံးစြဲသူမ်ားကို ျမန္ႏႈန္းျမင့္နည္းပညာမ်ား ေထာက္ပံ့ေပးသြားမည္ ျဖစ္သည္။

ၿပီးခဲ့ေသာဧၿပီလတြင္ Mytel မွ ဆက္သြယ္ေရးက႑၏ ႀကီးမားေသာတီထြင္မႈတစ္ခုျဖစ္သည့္ eSIM ကို ျမန္မာႏိုင္ငံတြင္ စတင္မိတ္ဆက္ေပးခဲ့သည္။ Mytel သည္ e-SIM ကဲ့သို႔ ေခတ္မီနည္းပညာကို ေဈးကြက္အတြင္း ယူေဆာင္လာေပးျခင္းျဖင့္ သုံးစြဲသူမ်ားသည္ နည္းပညာ၏လုပ္ေဆာင္ႏိုင္မႈမ်ား ႏွင့္ အေကာင္းဆုံးေသာ အေတြ႕အႀကဳံမ်ားကို ရရွိခံစားႏိုင္မည္ျဖစ္သည္။ ထိုမွ်သာမက ပထမဆုံးလုပ္ငန္းစတင္သည့္ရက္မွစ၍ Mytel သည္ ၾကည္လင္ျပတ္သားေသာအသံ ႏွင့္ ျမန္ဆန္ေသာဖုန္းေခၚဆိုမႈအခ်ိန္ကို ေပးစြမ္းႏိုင္သည့္ 4G VoLTE နည္းပညာကို လည္း မိတ္ဆက္ေပးခဲ့သည္။ နည္းပညာသစ္မ်ားပိုင္ဆိုင္ထားေသာ ေခတ္မီအဆန္းသစ္ဆုံး ဆက္သြယ္ေရး ေအာ္ပေရတာ Mytel သည္ သုံးစြဲသူမ်ားအေနျဖင့္ ေန႔စဥ္လုပ္ငန္းမ်ားတြင္ အထိေရာက္ဆုံးလုပ္ေဆာင္ႏိုင္မႈ ရရွိေစမည့္ အရည္အေသြးျမင့္ဝန္ေဆာင္မႈမ်ားကိုလည္း ဆက္လက္ယူေဆာင္ေပးသြားမည္ျဖစ္သည္။

ဂ႐ုအစိုက္ဆုံးဆက္သြယ္ေရးေအာ္ပေရတာျဖစ္ေသာ Mytel သည္ သုံးစြဲသူမ်ားထံမွ ယုံၾကည္မႈရရွိေရးအတြက္ ဝန္ေဆာင္မႈမ်ား ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္ေလ့ရွိသည္။ Mytel သည္ သုံးစြဲသူမ်ားသာမက စီးပြားေရးမိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္လည္း ပြင့္လင္း႐ိုးသားစြာ ဆက္သြယ္ေျပာဆိုသည္။ Mytel သည္ ထူးျခားဆန္းသစ္ေသာ တစ္စကၠန႔္လွ်င္တစ္စကၠန႔္အတြက္သာ ေကာက္ခံသည့္ 1s=1s ဖုန္းေဘလ္ ေကာက္ခံသည့္စနစ္ကိုက်င့္သုံးသည့္ တစ္ခုတည္းေသာ ေအာ္ပေရတာျဖစ္ၿပီး adaptive video rate ဝန္ေဆာင္မႈ ကိုလည္း ယူေဆာင္လာေပးေသာေၾကာင့္ သုံးစြဲသူမ်ားအေနျဖင့္ ဖုန္းေဘလ္အမ်ားအျပား ျဖတ္ေတာက္ခံရျခင္း အတြက္ စိုးရိမ္ေၾကာင့္ၾကမႈမ်ားကိုလည္း ဖယ္ရွားေပးသည္။ Mytel သည္ ဝန္ေဆာင္မႈအစီအစဥ္မ်ား ႏွင့္ ပ႐ိုမိုးရွင္းမ်ားကို ရွင္းလင္းျပတ္သားေသာစည္းကမ္းခ်က္မ်ားျဖင့္ မိတ္ဆက္ေျပာဆိုျခင္းေၾကာင့္ သုံးစြဲသူမ်ားမွလည္း မွန္ကန္ေသာသတင္းအခ်က္အလက္ ႏွင့္ ေကာင္းမြန္ျပည့္ဝေသာ အေတြ႕အႀကဳံမ်ားကို ရရွိခံစားႏိုင္ၾကသည္။

Mytel သည္ သုံးစြဲသူမ်ားကို ေက်းဇူးတုံ႔ျပန္ေသာအားျဖင့္ Shake ပ႐ိုမိုးရွင္း၊ Lucky Load ပ႐ိုမိုးရွင္းစသည့္ စိတ္လႈပ္ရွားစရာေကာင္းေသာ အစီအစဥ္မ်ားကိုလည္း မိတ္ဆက္ေပးခဲ့သည္။ ဆင္းမ္ကဒ္တစ္ခုထဲျဖင့္ သီခ်င္း၊ ႐ုပ္ရွင္၊ ဂိမ္းသစျဖင့္ ေဖ်ာ္ေျဖေရးက႑မ်ိဳးစုံကိုလည္း ေတြ႕ႀကဳံခံစားႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ ျပည့္စုံေသာ ဒစ္ဂ်စ္တယ္ေဂဟစနစ္တစ္ခုတြင္ ပါဝင္သည့္ မိုဘိုင္းလ္၊ fixed broadband၊ MytelPay၊ အပိုေဆာင္းဝန္ေဆာင္မႈ မ်ား၊ IT အက္ပလီေကးရွင္းမ်ား ႏွင့္ အျခားေသာဝန္ေဆာင္မႈမ်ားကိုလည္း သုံးစြဲသူမ်ားအတြက္ ပံ့ပိုးေပးသြားမည္ ျဖစ္သည္။ စတုတၳေျမာက္လိုင္စင္ရေအာ္ပေရတာအျဖစ္ Mytel ျမန္မာႏိုင္ငံေဈးကြက္သို႔ ဝင္လာျခင္းသည္ ႏိုင္ငံတြင္း ဒုတိယအႀကိမ္ေျမာက္ဆက္သြယ္ေရးဝန္ေဆာင္မႈ ေျပာင္းလဲျဖစ္ေပၚလာေစရန္ တြန္းအားေပးလ်က္ရွိသည္။ Mytel သည္ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံတြင္ အေတြ႕အႀကဳံႂကြယ္ဝစြာ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိေသာ မိတ္ဖက္အဖြဲ႕အစည္း Viettel ၏ အကူအညီျဖင့္လည္း ေဈးႏႈန္းအသက္သာဆုံးေသာ 4G ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားကို ယူေဆာင္လာ ေပးႏိုင္ျခင္းျဖစ္သည္။

“Mytel အေနနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ သုံးစြဲသူတိုင္းကို ဝန္ေဆာင္မႈေပးခ်င္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္လ်က္ရွိၿပီးေတာ့ သူတို႔ေတြရဲ႕ ေန႔စဥ္လုပ္ေဆာင္မႈေတြမွာ ပိုမိုေကာင္းမြန္လာေစဖို႔ ေမွ်ာ္လင့္ပါတယ္။ ဆက္လက္ၿပီးေတာ့လည္း 4G ကြန္ရက္ေတြကို ဆက္လက္တိုးခ်ဲ႕တည္ေဆာင္သြားဖို႔ရွိပါတယ္။ ဒါမွလည္း ေဝးလံ ေခါင္ပါးတဲ့ ေနရာေဒသေတြကသူေတြအကုန္လုံး အလြယ္တကူေျပာဆိုခ်ိတ္ဆက္ႏိုင္ၾကမွာျဖစ္ပါတယ္။ Mytel အေနနဲ႔ အက်ယ္ျပန႔္ဆုံး နဲ႔ အႀကီးမားဆုံး 4G၊ Fixed Broadband ကြန္ရက္ေတြကို စီးပြားေရးလုပ္ငန္းေတြအတြက္ပါ ဖန္တီးေပးၿပီးေတာ့ IT၊ ေဖ်ာ္ေျဖေရး၊ စီမံခန႔္ခြဲေရး၊ e-commerce က႑ေတြအတြက္ ပိုၿပီးအဆင္ေျပလာေစမယ့္ Information Highway ကိုလည္း ဖန္တီးခ်ျပသြားမွာပါ” ဟု Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ေျပာျပခဲ့သည္။

သုံးစြဲသူမ်ားအေနျဖင့္ ပိုမိုေကာင္းမြန္ေသာ ထုတ္ကုန္၊ ဝန္ေဆာင္မႈမ်ား ႏွင့္ ေခတ္မီနည္းပညာမ်ားကို အစဥ္အျပတ္ ေတာင္းဆိုလာသည္ႏွင့္အမွ် Mytel အေနျဖင့္လည္း ပိုမိုခြန္အားစိုက္ထုတ္ၿပီး တီထြင္ဆန္းသစ္ေသာ ဝန္ေဆာင္မႈကို ဆက္လက္ေပးစြမ္းသြားႏိုင္ရန္ ႀကိဳးစားသြားမည္ျဖစ္သည္။ Mytel အေနျဖင့္ သုံးစြဲသူမ်ား၏ အေနအထား၊ အေလ့အက်င့္မ်ား ႏွင့္ ဆက္သြယ္ေရးေလာက၏ သေဘာသဘာဝမ်ားကို ေလ့လာသုံးသပ္ၿပီး ကြန္ရက္ဆိုင္ရာ အေျခခံအေဆာက္အဦးမ်ားကို အဆင့္ျမႇင့္တင္သြားမည့္အျပင္ နည္းပညာသစ္မ်ားကို အေကာင္အထည္ေဖာ္ကာ ပိုမိုေကာင္းမြန္ေသာ လုပ္ေဆာင္မႈစြမ္းအား ႏွင့္ ထိေရာက္မႈရွိေရးကို အေထာက္အကူျပဳႏိုင္မည္ျဖစ္သည္။

[Unicode]

Mytel မှ D-A-T-A ၏ အရေးပါပုံကို ရှင်းလင်းသတ်မှတ်ခြင်းအားဖြင့် ဂရုအစိုက်ဆုံး နှင့် ခေတ်မီအဆန်းသစ်ဆုံး ဆက်သွယ်ရေးအော်ပရေတာတစ်ခု၏ ဆောင်ရွက်ချက်များကို မီးမောင်းထိုးပြသ

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် KANTAR ၏ မကြာသေးမီကပြုလုပ်ခဲ့သော လေ့လာချက်များအရ ဈေးကွက်တွင်းရှိဆက်သွယ်ရေးအော်ပရေတာ ၄ ခုအနက် သုံးစွဲသူများ၏စိတ်ကျေနပ်မှုအရရှိဆုံး ကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းခံရသည်။ လွန်ခဲ့သောတစ်နှစ်နီးပါးခန့်က တရားဝင်မိတ်ဆက်ပွဲတွင် Mytel မှ D-A-T-A ၏ အဓိပ္ပာယ်အား ဒစ်ဂျစ်တယ် နှင့် ဝန်ဆောင်မှုသစ်များ၊ ခေတ်မီဆန်းသစ်သောနည်းပညာ၊ ယုံကြည်စိတ်ချရမှုနှင့် ဈေးနှုန်းသက်သာပြီး အမျိုးအစားစုံလင်မှုဟုဖွင့်ဆိုခဲ့ပြီး သုံးစွဲသူများ၏ စိတ်ကြိုက်အော်ပရေတာတစ်ခုဖြစ်လာရန် ရည်ရွယ်သည့် Mytel သည် အဆိုပါအချက်များ၏ အရေးပါပုံကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့ကြောင့် D-A-T-A သည် နည်းပညာထွန်းကားသောခေတ်တွင် Mytel မှ သုံးစွဲသူများကို ပေးအပ်သွားမည့် ဝန်ဆောင်မှုတန်ဖိုးများ၏ ရည်ညွန်းမှုအတိုကောက်ပင်ဖြစ်သည်။

Mytel အနေဖြင့် တီထွင်ဆန်းသစ်မှုများ ပိုမိုဖွံ့ဖြိုးလာစေရန် တိုးမြှင့်လုပ်ဆောင်ရုံသာမက ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးအတွက်လည်း နည်းဗျူဟာများ ဖန်တီးသွားမည်ဖြစ်ပြီး သုံးစွဲသူများကို အတွေ့အကြုံကောင်းများ ပေးစွမ်းသွားနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ Mytel မှ ကွန်ရက်အခြေခံအဆောက်အဦးများ ပိုမိုခိုင်ခံ့ ကောင်းမွန်လာစေရန် ရင်းနှီးမြုပ်နှံလျက်ရှိပြီး မြို့နယ်ပေါင်း ၃၃၀ နီးပါးတွင် လွှမ်းခြုံထားသော ၎င်း၏ ဦးဆောင် 4G ကွန်ရက်ကြောင့် နိုင်ငံတွင်း ဆက်သွယ်ချိတ်ဆက်မှုမှာ ပိုမိုလွယ်ကူမြန်ဆန်လာခဲ့သည်။ Mytel သည် ခေတ်မီသော လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာရန် အထောက်အကူပြုသော ဒစ်ဂျစ်တယ်ဖြေရှင်းချက်ဝန်ဆောင်မှုများဖြစ်သည့် Smart Telecommunication Solutions၊ Smart City Solutions၊ Network Security Solutions စသည်တို့ကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် နှင့် ဝန်ဆောင်မှုအသစ်များကို ယူဆောင်လာပေးရန် ရည်ရွယ်ထားသောကြောင့် Mytel မှ ကျယ်ပြန့်ပြည့်စုံသော ဒစ်ဂျစ်တယ်ဂေဟစနစ်ဝန်ဆောင်မှုများဖြစ်သော IT မှအစ အကြောင်းအရာစုံစုံလင်လင်ကို ပေးစွမ်းပြီး သုံးစွဲသူများကို မြန်နှုန်းမြင့်နည်းပညာများ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ပြီးခဲ့သောဧပြီလတွင် Mytel မှ ဆက်သွယ်ရေးကဏ္ဍ၏ ကြီးမားသောတီထွင်မှုတစ်ခုဖြစ်သည့် eSIM ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပေးခဲ့သည်။ Mytel သည် e-SIM ကဲ့သို့ ခေတ်မီနည်းပညာကို ဈေးကွက်အတွင်း ယူဆောင်လာပေးခြင်းဖြင့် သုံးစွဲသူများသည် နည်းပညာ၏လုပ်ဆောင်နိုင်မှုများ နှင့် အကောင်းဆုံးသော အတွေ့အကြုံများကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထိုမျှသာမက ပထမဆုံးလုပ်ငန်းစတင်သည့်ရက်မှစ၍ Mytel သည် ကြည်လင်ပြတ်သားသောအသံ နှင့် မြန်ဆန်သောဖုန်းခေါ်ဆိုမှုအချိန်ကို ပေးစွမ်းနိုင်သည့် 4G VoLTE နည်းပညာကို လည်း မိတ်ဆက်ပေးခဲ့သည်။ နည်းပညာသစ်များပိုင်ဆိုင်ထားသော ခေတ်မီအဆန်းသစ်ဆုံး ဆက်သွယ်ရေး အော်ပရေတာ Mytel သည် သုံးစွဲသူများအနေဖြင့် နေ့စဉ်လုပ်ငန်းများတွင် အထိရောက်ဆုံးလုပ်ဆောင်နိုင်မှု ရရှိစေမည့် အရည်အသွေးမြင့်ဝန်ဆောင်မှုများကိုလည်း ဆက်လက်ယူဆောင်ပေးသွားမည်ဖြစ်သည်။

ဂရုအစိုက်ဆုံးဆက်သွယ်ရေးအော်ပရေတာဖြစ်သော Mytel သည် သုံးစွဲသူများထံမှ ယုံကြည်မှုရရှိရေးအတွက် ဝန်ဆောင်မှုများ နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လေ့ရှိသည်။ Mytel သည် သုံးစွဲသူများသာမက စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပွင့်လင်းရိုးသားစွာ ဆက်သွယ်ပြောဆိုသည်။ Mytel သည် ထူးခြားဆန်းသစ်သော တစ်စက္ကန့်လျှင်တစ်စက္ကန့်အတွက်သာ ကောက်ခံသည့် 1s=1s ဖုန်းဘေလ် ကောက်ခံသည့်စနစ်ကိုကျင့်သုံးသည့် တစ်ခုတည်းသော အော်ပရေတာဖြစ်ပြီး adaptive video rate ဝန်ဆောင်မှု ကိုလည်း ယူဆောင်လာပေးသောကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းဘေလ်အများအပြား ဖြတ်တောက်ခံရခြင်း အတွက် စိုးရိမ်ကြောင့်ကြမှုများကိုလည်း ဖယ်ရှားပေးသည်။ Mytel သည် ဝန်ဆောင်မှုအစီအစဉ်များ နှင့် ပရိုမိုးရှင်းများကို ရှင်းလင်းပြတ်သားသောစည်းကမ်းချက်များဖြင့် မိတ်ဆက်ပြောဆိုခြင်းကြောင့် သုံးစွဲသူများမှလည်း မှန်ကန်သောသတင်းအချက်အလက် နှင့် ကောင်းမွန်ပြည့်ဝသော အတွေ့အကြုံများကို ရရှိခံစားနိုင်ကြသည်။

Mytel သည် သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် Shake ပရိုမိုးရှင်း၊ Lucky Load ပရိုမိုးရှင်းစသည့် စိတ်လှုပ်ရှားစရာကောင်းသော အစီအစဉ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ဆင်းမ်ကဒ်တစ်ခုထဲဖြင့် သီချင်း၊ ရုပ်ရှင်၊ ဂိမ်းသစဖြင့် ဖျော်ဖြေရေးကဏ္ဍမျိုးစုံကိုလည်း တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ပြည့်စုံသော ဒစ်ဂျစ်တယ်ဂေဟစနစ်တစ်ခုတွင် ပါဝင်သည့် မိုဘိုင်းလ်၊ fixed broadband၊ MytelPay၊ အပိုဆောင်းဝန်ဆောင်မှု များ၊ IT အက်ပလီကေးရှင်းများ နှင့် အခြားသောဝန်ဆောင်မှုများကိုလည်း သုံးစွဲသူများအတွက် ပံ့ပိုးပေးသွားမည် ဖြစ်သည်။ စတုတ္ထမြောက်လိုင်စင်ရအော်ပရေတာအဖြစ် Mytel မြန်မာနိုင်ငံဈေးကွက်သို့ ဝင်လာခြင်းသည် နိုင်ငံတွင်း ဒုတိယအကြိမ်မြောက်ဆက်သွယ်ရေးဝန်ဆောင်မှု ပြောင်းလဲဖြစ်ပေါ်လာစေရန် တွန်းအားပေးလျက်ရှိသည်။ Mytel သည် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် အတွေ့အကြုံကြွယ်ဝစွာ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်း Viettel ၏ အကူအညီဖြင့်လည်း ဈေးနှုန်းအသက်သာဆုံးသော 4G ဆက်သွယ်ရေးဝန်ဆောင်မှုများကို ယူဆောင်လာ ပေးနိုင်ခြင်းဖြစ်သည်။

“Mytel အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတိုင်းကို ဝန်ဆောင်မှုပေးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်လျက်ရှိပြီးတော့ သူတို့တွေရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေမှာ ပိုမိုကောင်းမွန်လာစေဖို့ မျှော်လင့်ပါတယ်။ ဆက်လက်ပြီးတော့လည်း 4G ကွန်ရက်တွေကို ဆက်လက်တိုးချဲ့တည်ဆောင်သွားဖို့ရှိပါတယ်။ ဒါမှလည်း ဝေးလံ ခေါင်ပါးတဲ့ နေရာဒေသတွေကသူတွေအကုန်လုံး အလွယ်တကူပြောဆိုချိတ်ဆက်နိုင်ကြမှာဖြစ်ပါတယ်။ Mytel အနေနဲ့ အကျယ်ပြန့်ဆုံး နဲ့ အကြီးမားဆုံး 4G၊ Fixed Broadband ကွန်ရက်တွေကို စီးပွားရေးလုပ်ငန်းတွေအတွက်ပါ ဖန်တီးပေးပြီးတော့ IT၊ ဖျော်ဖြေရေး၊ စီမံခန့်ခွဲရေး၊ e-commerce ကဏ္ဍတွေအတွက် ပိုပြီးအဆင်ပြေလာစေမယ့် Information Highway ကိုလည်း ဖန်တီးချပြသွားမှာပါ” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပြခဲ့သည်။

သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သော ထုတ်ကုန်၊ ဝန်ဆောင်မှုများ နှင့် ခေတ်မီနည်းပညာများကို အစဉ်အပြတ် တောင်းဆိုလာသည်နှင့်အမျှ Mytel အနေဖြင့်လည်း ပိုမိုခွန်အားစိုက်ထုတ်ပြီး တီထွင်ဆန်းသစ်သော ဝန်ဆောင်မှုကို ဆက်လက်ပေးစွမ်းသွားနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။ Mytel အနေဖြင့် သုံးစွဲသူများ၏ အနေအထား၊ အလေ့အကျင့်များ နှင့် ဆက်သွယ်ရေးလောက၏ သဘောသဘာဝများကို လေ့လာသုံးသပ်ပြီး ကွန်ရက်ဆိုင်ရာ အခြေခံအဆောက်အဦးများကို အဆင့်မြှင့်တင်သွားမည့်အပြင် နည်းပညာသစ်များကို အကောင်အထည်ဖော်ကာ ပိုမိုကောင်းမွန်သော လုပ်ဆောင်မှုစွမ်းအား နှင့် ထိရောက်မှုရှိရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။