[Zawgyi]
ကမ္ဘာတဝှမ်း Mobile ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရာတွင် ပါဝင်မည်ဖြစ်သော Mobile Analytics ကုမ္ပဏီ Opensignal က Q1 2019 ကို ကိုယ်စားပြုသော Myanmar Mobile Network Experience Report အားထုတ်ပြန်လိုက်ပါတယ်။
အောက်ဖော်ပြပါအချက်များမှာ Report မှ အဓိကအကြောင်းအရာများဖြစ်ပီး၊ Opensignal Website မှ ကိုးကားထားခြင်းဖြစ်ပါတယ်။
Mytel က Video Experience Award ကို Video Quality Scale ရမှတ် ၁၀၀ တွင် ၆၈.၆ မှတ်ဖြင့် ရထားခြင်းဖြစ်ပါတယ်။ Mytel က Myanmar Measurements များအရ ဖုန်းဖြင့် Video ကြည့်သည့်အခါ Loading Time တိုတောင်းမှု ၊ High Resolution Videos များကြည့်ရာတွင် လိုင်းရပ်တန့်ခြင်းများဖြစ်ခဲမှုတို့ကြောင့် (၆၅-၇၅) မှတ်ဖြင့် အလွန်ကောင်းမွန်သော Rating ကိုရရှိထားပါတယ်။ MPT, Ooredoo နှင့် Telenor တို့မှလည်း Video Experience များတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး (၅၅-၆၅) မှတ် အသီးသီးဖြင့် Rating ကောင်းများ ရရှိထားပါတယ်။
Network Latency သည်အခြားသော နိုင်ငံများ၏ Experience နှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာ့ အော်ပရေတာများအနေဖြင့် မြှင့်တင်နိုင်ရန် မဖြစ်မနေလိုအပ်သောအရာဖြစ်ပါတယ်။ အော်ပရေတာ ၃ ခု၏ 80 Milliseconds ကျော်ကျော် ရရှိထားသော Latency Experience ရမှတ်ကို ကြည့်ခြင်းအားဖြင့် Data Connections များအတွင်း အလွန်နှေးသော Response Time သာတွေ့ရပါတယ်။ 50.2 ms ရရှိထားသော Latency Experience က အခြားသော Market များအတွက် ဆိုလောက်ဖွယ်ရာမရှိသော်လည်း Telenor အတွက်မူ ၎င်းရမှတ်သည် Myanmar Rankings များ၏ ထိပ်ဆုံးနေရာသို့ရောက်နိုင်ကြောင်း တွေ့ရပါတယ်။
[Unicode]
OPENSIGNAL မှ Q1 2019 အတွက် Myanmar Mobile Network Experience Report ကိုထုတ်ပြန်၊ Mytel က metrics တွေကြားထဲမှာ ဦးဆောင်နေ
ကမ္ဘာတဝှမ်း mobile ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရာတွင် ပါဝင်မည်ဖြစ်သော Mobile analytics ကုမ္ပဏီ Opensignal က Q1 2019 ကို ကိုယ်စားပြုသော Myanmar Mobile Network Experience Report အားထုတ်ပြန်လိုက်ပါတယ်။
အောက်ဖော်ပြပါအချက်များမှာ report မှ အဓိကအကြောင်းအရာများဖြစ်ပီး၊ Opensignal website မှ ကိုးကားထားခြင်းဖြစ်ပါတယ်။
4G အသုံးပြုနိုင်မှု လျင်မြန်စွာ တိုးတက်လာ
ဒုတိယအကြိမ်မြောက် report အားကြည့်ခြင်းအားဖြင့် 4G ကွန်ရက်အသုံးပြုနိုင်မှု မြင့်တက်လာပြီး မြန်မာ့အော်ပရေတာ ၄ ခုမှလည်း 4G ကွန်ရက် အသုံးပြုနိုင်မှု တိုးတက်လာပြီဖြစ်ပါတယ်။ Mytel မှ 4G Availability award ကို ၉၂.၉% ဖြင့် လုပ်ငန်းစတင်ပီးအချိန်ခဏတာအတွင်းရရှိခဲ့သော်လည်း ၈၂.၃% ရှိသော Ooredoo ၏ ရမှတ်သည်လည်း အထင်ကြီးလောက်စရာပင်ဖြစ်ပါတယ်။ ထိုအချိန်အတွင်း တိုင်းတာမှုအရ MPT နှင့် Telenor မှ ၈၀% ရရှိခဲ့ပါတယ်။
Download Speed Experience award ကို Ooredoo နှင့် Mytel မှရရှိ
၆ လ အတွင်းမှာပင် Mytel က speed metric တိုင်းတာမှုတွင် သိသာထင်ရှားစွာ တိုးတက်လာခဲ့ပါတယ်။ ယခုအချိန်တွင် Mytel က Ooredoo နှင့်အတူ Download Speed Experience award ကိုရရှိခဲ့ပြီး ၎င်းကွန်ရက်ကိုအသုံးပြုသူများက 19Mbps နီးပါးရရှိနိုင်သော အမြန်နှုန်းဖြင့် အသုံးပြုနိုင်ကြပါတယ်။ တိုင်းတာမှုများအရ Ooredoo အသုံးပြုသူများက ပိုမိုမြန်ဆန်သော 4G Download Speed ကိုရရှိနိုင်သော်လည်း Mytel ၏ 4G ကွန်ယက်လွှမ်းခြုံနိုင်စွမ်းက အခြားသော အော်ပရေတာများထက် ပိုမိုသာလွန်သောကြောင့် Mytel အားရမှတ်အကောင်းဆုံးအနေအထားအားရရှိသွားစေတယ်လို့ ဆိုပါတယ်။ ကျွနု်ပ်တို့ဘက်မှ ကွန်ရက်အသုံးပြုသူများက Mytel ကွန်ရက်တွင် 4G signal ကို ကြိမ်ဖန်များစွာ ပိုမိုတွေ့ရှိရသောကြောင့် ၎င်း၏ Download speed experience ရမှတ်လည်းပိုမို မြင့်တက်လာပါတယ်။
Mytel သည် အလွန်ကောင်းမွန်သော Video Experience score ရရှိထားသည့် တစ်ခုတည်းသော အော်ပရေတာဖြစ်
Mytel က Video Experience award ကို video quality scale ရမှတ် ၁၀၀ တွင် ၆၈.၆ မှတ်ဖြင့် ရထားခြင်းဖြစ်ပါတယ်။ Mytel က Myanmar measurements များအရ ဖုန်းဖြင့် video ကြည့်သည့်အခါ loading time တိုတောင်းမှု ၊ High resolution videos များကြည့်ရာတွင် လိုင်းရပ်တန့်ခြင်းများဖြစ်ခဲမှုတို့ကြောင့် (၆၅-၇၅) မှတ်ဖြင့် အလွန်ကောင်းမွန်သော rating ကိုရရှိထားပါတယ်။ MPT, Ooredoo နှင့် Telenor တို့မှလည်း Video Experience များတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး (၅၅-၆၅) မှတ် အသီးသီးဖြင့် rating ကောင်းများ ရရှိထားပါတယ်။
Telenor က Latency Experience award နှင့် လွဲချော်ခဲ့
Network latency သည်အခြားသော နိုင်ငံများ၏ experience နှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာ့ အော်ပရေတာများအနေဖြင့် မြှင့်တင်နိုင်ရန် မဖြစ်မနေလိုအပ်သောအရာဖြစ်ပါတယ်။ အော်ပရေတာ ၃ ခု၏ 80 milliseconds ကျော်ကျော် ရရှိထားသော Latency Experience ရမှတ်ကို ကြည့်ခြင်းအားဖြင့် data connections များအတွင်း အလွန်နှေးသော response time သာတွေ့ရပါတယ်။ 50.2 ms ရရှိထားသော Latency Experience က အခြားသော market များအတွက် ဆိုလောက်ဖွယ်ရာမရှိသော်လည်း Telenor အတွက်မူ ၎င်းရမှတ်သည် Myanmar rankings များ၏ ထိပ်ဆုံးနေရာသို့ရောက်နိုင်ကြောင်း တွေ့ရပါတယ်။
ပိုမိုပြည့်စုံသော အချက်အလက်များကို အောက်ဖော်ပြပါ link တွင်ကြည့်နိုင်သည် :
https://www.opensignal.com/reports/2019/05/myanmar/mobile-network-experience