[Zawgyi]
[Unicode]
Mytel မှ မြန်မာ့အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မြန်မာလူမျိုးများ၏ နေထိုင်မှုဘဝ အဆင့်မြင့်လာစေရန် The Yangon Steps 2019 ကို ပါဝင်ထောက်ပံ့ကူညီ
ဇန်နဝါရီ လ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်၊ မြန်မာ။ ။မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး ဖြစ်သော ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ဒစ်ဂျစ်တယ်အသွင်းပြောင်းလဲရေး လမ်းကြောင်းချမှတ်ရာတွင် အထူးအရေးပါသော မြန်မာနိုင်ငံ အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မြန်မာလူမျိုးများ၏ နေထိုင်မှု ဘဝကို အဆင်မြင့်လာစေရန် ရည်ရွက်ချက်ဖြင့် ကျင်းပခဲ့သော Yangon Steps 2019 တွင် ပါဝင်အားဖြည့်ခဲ့သည်။ Mytel မှ ရန်ကုန်မြို့ရှိ သမိုင်းဝင်အမွေအနှစ် နေရာများအား ထိန်းသိမ်းစောင့်ရှောက်ပြီး သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကျန်းမာသော လူနေမှုဘဝများ တိုးပွားစေရန် ပြုလုပ်ဆောင်ရွက်ခဲ့သော Yangon Steps 2019 လှုပ်ရှားမှုအတွက် Gold Sponsor အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ‘မိမိစတင်ခဲ့သော နေရာကို ပြန်လှည့်မကြည့်လျှင် ရောက်ရှိလိုသော ပန်းတိုင်ကို ရောက်မည် မဟုတ်’ လို့ အားလုံးသိထားကြတဲ့ ဆိုရိုးအတိုင်း Mytel က မြန်မာနိုင်ငံရဲ့ လူမျိုး၊ နိုင်ငံနဲ့ သမိုင်း အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှာက်ရုံသာမက နိုင်ငံကြီးတစ်ခုလုံးကို ဒစ်ဂျစ်တယ်အခွင့်အလမ်း အပြည့်အဝ ရရှိစေနိုင်ဖို့အတွက် ခေတ်မီဆန်းသစ်တဲ့ နည်းပညာတီထွင်ဆန်းသစ်မှုတွေ၊ အတတ်ပညာတွေနဲ့ ထောက်ပံ့ပေးသွားဖို့ ရည်ရွယ်ထားပါတယ်၊” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦး မှ ပြောကြားသည်။
၎င်းမှ ဆက်လက်ပြီး “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးအတွက် ဦးစီးဆောင်ရွက်နေရုံသာမကပဲ နိုင်ငံမှာရှိတဲ့ ပြည်သူတွေနဲ့ ဓလေ့ရိုးရာတွေကိုပါ ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ အတွက် Yangon Steps 2019 ကို ပါဝင်ဖြစ်ခဲ့တာပါ။ Mytel အနေနဲ့ သုံးစွဲသူတွေအားလုံးအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးအပ်သွားနိုင်ဖို့ ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ဈေးနှုန်းသက်သာတဲ့ အစီအစဉ်တွေနဲ့ အစဉ်အဆက်တိုးချဲ့နေတဲ့ အခြေခံဆက်သွယ်ရေးဖွဲ့စည်းတည်ဆောက်ခြင်းတွေက သုံးစွဲသူတွေ အမှန်တကယ် ရရှိခံစားနိုင်မယ့် ရလဒ်တွေလည်း ဖြစ်ပါတယ်။”
ဈေးကွက်အတွင်းရှိ ပြိုင်ဘက်အော်ပရေတာများအနေဖြင့် အချိန်ကြာမြင့်စွာ ကြိုးစားအားထုတ်ခဲ့ရသော်လည်း Mytel သည် သင့်တော်သောဈေးနှုန်း၊ ဆန်းသစ်သော ဝန်ဆောင်မှုနှင့် နည်းပညာကျွမ်းကျင်မှုများ ပေးစွမ်းခြင်းဖြင့် အမြဲတန်းသုံးစွဲသူ ၅ သန်းခန့်အား အချိန် ၆ လ အတွင်း အောင်မြင်စွာ ရရှိနိုင်ခဲ့သည်။
“Mytel အနေနဲ့ ဒီပန်းတိုင်ကို သုံးစွဲသူတွေရဲ့ ပံ့ပိုးမှု၊ အကူအညီမပါပဲ မရရှိနိုင်ပါဘူး။ Yangon Steps လိုပွဲမျိုးမှာ ပါဝင်ကူညီပေးခြင်းအားဖြင့် မြန်မာနိုင်ငံက သုံးစွဲသူတွေနဲ့ အမွေအနှစ်တွေကို တန်ဖိုးထားကြောင်း တစ်နည်းတစ်ဖုံ ဖော်ပြခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်၊” ဟု ဦးဇော်မင်းဦးမှ ဆိုသည်။
Mytel သည် အခိုင်မာဆုံး 4G ကွန်ရက်နှင့် အသက်သာဆုံးဈေးနှုန်းများ ဆက်လက်ထောက်ပံ့ပေးပြီး အမြဲတမ်းသုံးစွဲသူ အရေအတွက်အား ၂၀၁၉ ခုနှစ် အကုန်တွင် နှစ်ဆအထိ တိုးမြင့်သွားနိုင်ရန် ရည်ရွယ်ထားသည်။
Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အစဉ်တစိုက် လုပ်ကိုင်လျက်ရှိပြီး ဆန်းသစ်တီထွင်မှုနှင့် သုံးစွဲသူများကို အထူးဂရုပြုသော ဆက်သွယ်ရေးအော်ပရေတာဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအတွက် ကောင်းမွန်သော အတွေ့အကြုံများ ဖန်တီးပေးနိုင်ရန် အနီးကပ်ချိတ်ဆက်ပြီး သုံးစွဲသူများ၏ စိတ်ကြိုက်အော်ပရေတာ ဖြစ်လာနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ Mytel အနေဖြင့် ခေတ်မှီဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းသော ဝန်ဆောင်မှု၊ အိမ်မက်အနာဂတ်များ တည်ဆောက်သွားနိုင်ရန် နည်းပညာများမှတဆင့် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ နေထိုင်မှုဘ၀ အဆင့်မြင့်တင်ပေးနိုင်ရန်လည်း ရည်မှန်းထားသည်။