The National Basketball Association (NBA) က  The Association လို့ ခေါ်တဲ့ Ethereum NFT Collection ကို စတင် ရောင်းချပေးတော့မှာ ဖြစ်ပြီး NFT ပေါင်း ၁၈,၀၀၀ ပါဝင်ပါတယ်။

NFT ဆိုတာ ဒစ်ဂျစ်တယ် အနုပညာလက်ရာလို ပစ္စည်းတွေ ပိုင်ဆိုင်သူကို ညွှန်ပြပေးတဲ့ မတူညီတဲ့ Blockchain Token တွေ ဖြစ်ပါတယ်။ Association NFT တိုင်းဟာ ဒီနှစ် ပြိုင်ပွဲမှာ ပါဝင်တဲ့ တကယ့် NBA ကစားသမားတွေကို ကိုယ်စားပြုပါတယ်။ ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ မတူညီတဲ့ NBA အသင်း ၁၆ ခုက ကစားသမား ၁ ယောက်ချင်းစီအတွက် NFT ၇၅ ခု ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

NBA launches dynamic NFTs for fans - Ledger Insights - enterprise blockchain

ထူးခြားတာက အဲဒီ NFT တွေဟာ ပုံသေမဟုတ်တာပါ။ ကစားသမားတွေရဲ့ ပြိုင်ပွဲအတွင်း စွမ်းဆောင်ရည်အပေါ်မူတည်ကာ NFT Background နဲ့ Frame တွေဟာ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ NFT တွေကို ကြိုတင်ရောင်းချပြီးနောက်မှာ OpenSea လို NFT Marketplace တွေမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

NBA ဟာ အဖွဲ့ဝင် ၅၀,၀၀၀ နီးပါးရှိတဲ့ Discord Server ၁ ခုကို တည်ထောင်ပြီး “NBA x NFT” တွစ်တာ အကောင့်အသစ်ကို ဖန်တီးပြီးနောက်မှာ ဒီသတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ NBA ဟာ ဒီလအစောပိုင်းက The Association Branding အတွက် Trademark Application ၁ ခုကို မှတ်ပုံတင်ထားတယ်လို့ တချို့က ထောက်ပြပြီးနောက်မှာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာပါ။

အားကစား NFT တွေကို လူ စိတ်ဝင်စားမှု မြင့်တက်နေတဲ့အတွက် NBA ရဲ့ NFT တွေ ရောင်းအား ကောင်းမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : decrypt