Google ကနေ Pixel 4a စမတ်ဖုန်းကို မကြာသေးခင်တုန်းက တရားဝင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Pixel 4a စမတ်ဖုန်းဟာ လောလောဆယ်မှာ Pre-order အနေနဲ့ ရှိနေသေးပြီးတော့ လာမယ့်လကုန်ပိုင်းမှာမှ ဝယ်ယူနိုင်မှာပါ။

ဒါပေမယ့် Pixel 4a စမတ်ဖုန်းကို စိတ်ဝင်စားတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုကထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါကတော့ လက်ရှိအကြီးမားဆုံး Streaming Service တစ်ခုဖြစ်တဲ့ Netflix ကနေ Pixel 4a အတွက် HDR Streaming Support ပေးလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Netflix ကနေ HDR Content တွေကို ကြည့်ရှုနိုင်တော့မှာပါ။

Google Pixel 4a စမတ်ဖုန်းဟာ Qualcomm Snapdragon 730G Chipset ၊ RAM 6GB ၊ 128GB Storage နဲ့ 12.2MP Single Camera ပဲပါဝင်တဲ့ Mid Range ဖုန်းတစ်ခုဖြစ်ပေမယ် Display ပိုင်းမှာတော့ 5.81″ Full HD+ OLED Display ကိုမှ HDR Support ပေးနိုင်တာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသော HDR Support ရရှိခြင်းမရှိတဲ့ Mid Range ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် အားသာချက်တစ်ခုဖြစ်လာမှာပါ။

ပြီးခဲ့တဲ့နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Google Pixel 3a နဲ့ 3a XL ဖုန်းတွေကတော့ HDR Support ပြုလုပ်ခြင်းမရှိတဲ့အတွက် Pixel 4a ဟာ Netflix ကြည့်နေကျသူတွေအတွက် ပိုပြီးအားသာနေမှာပါ။ Pixel 4a အပြင် Pixel 3 ၊ 3XL နဲ့ Pixel 4 ၊ 4XL ဖုန်းတွေပဲ Netflix မှာ HDR Support ရရှိသေးတာဖြစ်ပြီး ကျန်တဲ့ Google Pixel ဖုန်းတွေမှာတော့ ပုံမှန် HD Playback အထိပဲ Support ပေးနိုင်မှာဖြစ်ပါတယ်။

Ref – 9to5Google