Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iOS နဲ့ iPadOS Device တွေအတွက် Spatial Audio ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Spatial Audio Feature ဟာ အဓိကအနေနဲ့ AirPods Pro နဲ့ AirPods Max တွေနဲ့ အသုံးပြုမယ်ဆိုရင် ကိုယ့်ခေါင်းရဲ့ တည်နေရာနဲ့ လှုပ်ရှားမှုပေါ်မှုတည်ပြီး 3D Surround Sound ကို ရရှိစေမယ့် Feature တစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုး Apple ရဲ့ Spatial Audio ကို အသုံးပြုချင်တယ်ဆိုရင် အစောပိုင်းတုန်းက Apple TV+ လိုမျိုး Streaming Service တွေကိုပဲ အသုံးပြုဖို့ လိုအပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ လက်ရှိလူသုံးအများဆုံး Streaming Service တစ်ခုဖြစ်တဲ့ Netflix မှာပါ Support ပြုလုပ်နေပြီဖြစ်ပါတယ်။

Netflix မှာ Spatial Audio နဲ့ ရုပ်ရှင်တွေကို ကြည့်ရှုဖို့အတွက်ကတော့ iOS 14 သို့မဟုတ် iPadOS 14 နဲ့အထက်ရှိဖို့ လိုအပ်မှာဖြစ်ပြီး Netflix Application ကိုလည်း Latest Version ကို Update ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ Spatial Audio ကို အသုံးပြုဖို့အတွက်ကတော့ Command Center ကနေ တစ်ဆင့် Enable ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Apple ဟာ အခုနောက်ပိုင်းမှာ Spatial Audio ကို Application အများအပြားမှာ အသုံးပြုနိုင်အောင် ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Apple Music အတွက် Hi-Res Audio အပြင် Dolby Atmos Spatial Audio ကို Support ပြုလုပ်ပေးခဲ့ပါသေးတယ်။ အဆိုပါ Apple Music အတွက် Spatial Audio Feature ဟာ Earbuds မျိုးစုံနဲ့ အသုံးပြုနိုင်ပေမယ့် ယခု Netflix မှာ Spatial Audio ကို အသုံးပြုနိုင်ဖို့အတွက်ကတော့ AirPods Pro နဲ့ AirPods Max ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။

Ref – GSM Arena