Xiaomi ကုမ္ပဏီဟာ စမတ်ဖုန်းတွေပြီးရင် Smart TV တွေနဲ့လည်း တရုတ်နဲ့ အိန္ဒိယလို စျေးကွက်တွေမှာ လူသိများပါတယ်။ မကြာသေးခင်က သူတို့ရဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ဖောက်ထွင်းမြင်ရတဲ့ Mi TV LUX OLED Transparent Edition စမတ်တီဗီကို ရောင်းချခဲ့ပါသေးတယ်။

ယနေ့မှာတော့ 8K နဲ့ 4K Resolution ပါဝင်တဲ့ Mi TV တွေဟာ တရုတ်ပြည်တွင်းက 3C အတည်ပြုချက် ရယူလာပြီး စျေးကွက်ထဲ ရောက်လာဖို့ ခြေလှမ်း စနေပါပြီ။ Xiaomi TV အသစ်နှစ်လုံးရဲ့ အတည်ပြုချက် ရယူထားတဲ့ အချက်အလက်တွေကို Digital Chat Station ကနေ Leak လုပ်လာခဲ့တာ ဖြစ်ပြီး ဒီ TV အသစ်တွေမှာ LG Display ကို အသုံးပြုလာမယ်လို့ ဆိုပါတယ်။

မြင်တွေ့ရတဲ့ မော်ဒယ်နံပတ်အရ ဆိုရင်တော့ ဒီတီဗီအသစ်နှစ်လုံးဟာ 82” လက်မ အမျိုးအစား စီးရီးဝင် တွေအဖြစ် ရောက်ရှိလာမှာ ဖြစ်ပြီး 4K နဲ့ 8K Resolution တွေ ပါဝင်တာသာ ကွာခြားမှာပါ။ Resolution ကွာခြားတဲ့အတွက် ပါဝါ သုံးစွဲမှု မှာလည်း ကွာခြားတာ တွေ့ရပါတယ်။ ဒါပေမယ့် MIUI, Ports တွေနဲ့ စပီကာတွေ အစရှိတဲ့ Feature တွေမှာတော့ တူညီမှာပါ။

Mi TV အသစ်တွေမှာ ဘာ Panel အသုံးပြုလာမလဲ ဆိုတာလည်း မသိရသေးပါဘူး။ LG Display ဟာ QLED Panel တွေ မရောင်းချတာကြောင့် OLED သို့မဟုတ် LED-backlit LCD Panel တွေသာ ဖြစ်နိုင်ပါတယ်။ ဇူလိုင်လတုန်းကတော့ ၂၀၂၀ ရဲ့ ဒုတိယ နှစ်ဝက်မှာ ကုမ္ပဏီ ၁၉ ခုက LG Display ထံမှ OLED Panel အသုံးပြုထားတဲ့ Smart TV တွေကို ရောင်းချလာမယ်လို့ သတင်းထွက်ထားပါသေးတယ်။

လက်ရှိမှာ Xiaomi ဟာ OLED TV နှစ်မျိုးကို ရောင်းချနေပြီး Mi TV LUX တဖြစ်လဲ Mi TV Master စီးရီး အမည်အောက်က 65” 4K TV နဲ့ 55” Transparent တို့ ဖြစ်ပါတယ်။ ဒီနှစ်မျိုးလုံးကို တရုတ်ပြည်တွင်းမှာပဲ လောလောဆယ် ရောင်းချပါသေးတယ်။

Ref – GizmoChina