ယခုနှစ်အစောပိုင်းတုန်းက OPPO ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Tablet ဖြစ်တဲ့ OPPO Pad ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ OPPO Pad ဟာ 11″ LCD Display ၊​ Snapdragon 870 Chipset ၊​ 13MP Camera တွေပါဝင်ခဲ့ပြီး Android Tablet တစ်လုံးအနေနဲ့ အောင်မြင်မှုအသင့်အတင့်ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အခုလည်း OPPO ကနေ နောက်ထပ် ဒုတိယမြောက် Andrid Tablet ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါပြီ။​ အဆိုပါ သတင်းကိုတော့ တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တဲ့အတွက် တကယ်ဖြစ်လာနိုင်ခြေများနေပါတယ်။

Digital Chat Station ရဲ့ ပြောကြားချက်အရ OPPO ရဲ့ ဒုတိယမြောက် Tablet ဟာ Qualcomm Snapdragon Chipset အစား MediaTek ရဲ့ Flagship Chipset တစ်ခုဖြစ်တဲ့ Dimensity 9000 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ယခင် OPPO Pad ထက် ပိုပြီး ကောင်းမွန်မှာဖြစ်ပါတယ်။

Display ပိုင်းမှာလည်း Screen Size ကို အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် Resolution အနေနဲ့ 2800×2000 Pixels Resolution ရှိမယ်လို့ သိရပါတယ်။ Display Resolution ပိုင်းမှာ ယခင် OPPO Pad ဟာ 2560×1600 Pixels ပဲရှိခဲ့တာကြောင့် အခု Tablet အသစ်က ပိုပြီး Display အရည်အသွေးမြင့်မားမှာဖြစ်ပါတယ်။

OPPO Tablet အသစ်ဟာ မကြာခင်အချိန်အတွင်းမှာ မိတ်ဆက်လာတော့မှာဖြစ်တယ်လို့ သိရပြီး ယခုနှစ်မကုန်ခင်မှာ တရားဝင်မိတ်ဆက်ရောင်းချလာဖွယ်ရှိပါတယ်။

Ref – Gizmo China