[Zawgyi]
အခုချိန်မှာတော့ Essential အနေနဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်နေပြီ ဖြစ်ပြီး၊ မိုဘိုင်းဖုန်းနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ပစ္စည်းတွေကိုလည်း ဆက်လက်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Software Update တွေကိုလည်း အရင်တုန်းကလိုမျိုး မြန်မြန်ဆန်ဆန်ရရှိအောင် ပြုလုပ်ပေးသွားမယ်ဆိုတဲ့ အကြောင်းကိုလည်း ဖြည့်စွက်ပြောကြားထားပါသေးတယ်။ ဒါ့ကြောင့် Essential Phone PH1 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းကို သိပ်မကြာခင်မှာ မြင်တွေ့နိုင်ဖွယ် ရှိပါတယ်။
Ref : Gizmochina
[Unicode]
Essential Phone PH1 ထုတ်လုပ်မှုကို ရပ်နား၊ PH1 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ပေါ်ထွက်လာဖွယ်ရှိ
Essential Phone ကို Android ရဲ့ ဖခင်ကြီးဖြစ်တဲ့ Andy Rubin က မျှော်လင့်ချက်များစွာနဲ့ ထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် Android စမတ်ဖုန်းလောကထဲမှာတော့ Essential Phone PH1 ဟာ မျှော်လင့်ထားသလောက် အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Essential Phone PH1 ထုတ်ကုန်အားလုံး ရောင်းကုန်သွားပြီ ဖြစ်ပြီး PH1 ထုတ်လုပ်မှုကို ရပ်နားသွားပြီ ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Essential Phone PH1 ဟာ Android 7 Nougat နဲ့အတူ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် Essential ကတော့ Android 9.0 Pie အထိ Update ထုတ်ပေးခဲ့တာ ဖြစ်ပြီး Android 9.0 Update ကို အစောဆုံးရတဲ့ ဖုန်းအမျိူးအစားတွေထဲက တစ်မျိူးဖြစ်ခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Essential ကုမ္ပဏီဟာ စမတ်ဖုန်းလောကထဲကို ထပ်မံဝင်ရောက်ဖို့အတွက် ခြေလှမ်းသစ် အစပျိူးနေတယ်ဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။
အခုချိန်မှာတော့ Essential အနေနဲ့ မျိူးဆက်သစ် စမတ်ဖုန်းတစ်မျိူးကို ထုတ်လုပ်နေပြီ ဖြစ်ပြီး၊ မိုဘိုင်းဖုန်းနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ပစ္စည်းတွေကိုလည်း ဆက်လက်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Software Update တွေကိုလည်း အရင်တုန်းကလိုမျိူး မြန်မြန်ဆန်ဆန်ရရှိအောင် ပြုလုပ်ပေးသွားမယ်ဆိုတဲ့ အကြောင်းကိုလည်း ဖြည့်စွက်ပြောကြားထားပါသေးတယ်။ ဒါ့ကြောင့် Essential Phone PH1 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းကို သိပ်မကြာခင်မှာ မြင်တွေ့နိုင်ဖွယ် ရှိပါတယ်။
Ref : Gizmochina