ပုံမှန်အားဖြင့် စျေးသက်သာတဲ့ Budget နဲ့ Mid Range ဖုန်းတွေရဲ့ Camera မှာ Megapixel အများအပြားထည့်သွင်းပေးတတ်ကြပေမယ့် OIS သို့မဟုတ် Optical Image Stabilization နည်းပညာကိုတော့ ထည့်သွင်းပေးခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း Samsung ကနေ Galaxy A Series ဖုန်းတွေမှာ စတင်ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းအရတော့ လာမယ့် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ Galaxy A Phones တွေထဲမှာ Optical Image Stabilization ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ အဆိုပါ OIS ကို Samsung အနေနဲ့ High End Flagship ဖုန်းတွေမှာပဲ ထည့်သွင်းပေးထားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး OIS ပါဝင်လာတာက Video Recording အပြင် ပုံမှန် ဓါတ်ပုံရိုက်ကူးမှုတွေမှာလည်း လက်တုန်ခါမှုကို သိသိသာသာလျော့ချပေးနိုင်ပြီးတော့ ဓါတ်ပုံတွေကို ပိုပြီး Sharp ဖြစ်စေမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Long Exposure ပုံစံမျိုး ရိုက်ကူးရတဲ့ Night Mode တွေမှာလည်း OIS ပါဝင်တဲ့အတွက် လက်ကို လုံးဝငြိမ်စရာမလိုဘဲ ဖုန်းကင်မရာကနေ အလိုအလျောက် Stabilize ပြုလုပ်ပေးနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် စျေးနှုန်းသက်သာတဲ့ Galaxy A Series ဖုန်းတွေမှာ OIS ကို ထည့်သွင်းလာမယ်ဆိုတော့ လက်ရှိ Galaxy A11 နဲ့ A21 လိုမျိုး ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖုန်းတွေမှာပါ ပါဝင်လာဖို့များနေပါတယ်။

Ref – Sam Mobile