realme က မလေးရှားမှာ 50MP Main ကင်မရာပါတဲ့ C53 ကို မေလက ကြေညာခဲ့ပြီး အခုတော့ ကုမ္ပဏီက 108MP Main ကင်မရာ ပါတဲ့ realme C53 အသစ်ကို အိန္ဒိယမှာ ဇူလိုင်လ ၁၉ ရက်နေ့ မိတ်ဆက်မယ်လို့ ပြောပါတယ်။

Realme C53 with 50MP primary camera

realme က C53 အသစ်ကို အဲဒီ ဈေးတန်းထဲမှာ 108MP Ultra Clear ကင်မရာပါတဲ့ ပထမဆုံးနဲ့ တစ်လုံးတည်းသော ဖုန်းလို့ ကြွေးကြော်ထားပြီး ကုမ္ပဏီက မျှဝေထားတဲ့ ဓါတ်ပုံအရ အိန္ဒိယ မော်ဒယ်တွေထဲမှာ ရွှေရောင်ပါလာမှာပါ။

အဲဒီ ဓါတ်ပုံအရ 108MP မော်ဒယ်မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာဖြစ်ပြီး 50MP မော်ဒယ်နဲ့ ကင်မရာ Island ဒီဇိုင်း ကွဲပြားမှာ ဖြစ်ပါတယ်။

realme ရဲ့ အိန္ဒိယဌာနက တွစ်တာမှာ မျှဝေထားတဲ့ Teaser အရ C53 အသစ်မှာ 50MP Version မှာလို အရွယ်သေး Notch မျက်နှာပြင် ပါလာမှာပါ။ ဒါပေမယ့် 108MP မော်ဒယ်ရဲ့ တခြား Specs တွေဟာ 50MP မော်ဒယ်နဲ့ တူညီမလား ၊ ကွဲပြားမလား ဆိုတာ မသိရသေးပါဘူး။

50MP ကင်မရာ ပါတဲ့ realme C53 မှာ 6.74” 90Hz FullHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Unisoc Tiger T612 SoC မောင်းနှင်ထားကာ 6GB RAM နဲ့ 128GB Storage ပါပါတယ်။ Android 13 အခြေပြု realme UI T မောင်းနှင်ထားပြီး 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ 8MP အရှေ့ ကင်မရာနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Ref : gsmarena